ယောရှဖတ်မင်းကြီးက “ထာဝရဘုရား၏နှုတ်တော်ထွက်စကား သူ၌ရှိနိုင်သည်”ဟု ဆိုသဖြင့် အစ္စရေးဘုရင်အပါအဝင် ယောရှဖတ်မင်းကြီးနှင့် ဧဒုံဘုရင်တို့သည် ဧလိရှဲထံသို့ ဆင်းသွားကြ၏။
၄ ရာ 5:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် နေမန်သည် မိမိမြင်းရထားကိုစီးသွား၍ ဧလိရှဲ၏အိမ်တံခါးဝတွင် ရပ်နေ၏။ Common Language Bible သို့ဖြစ်၍နေမန်သည်မြင်းများကသည့်ရထား ကိုစီး၍ ဧလိရှဲ၏အိမ်အဝင်ဝသို့လာရောက် ရပ်တန့်၏။- Garrad Bible နေ မန် သည် မြင်း ရ ထား စီး၍ ဧ လိ ရှဲ၏ အိမ် တံ ခါး ပြင် တွင် ဆိုက် ရပ် ရာ၊ Judson Bible ထိုကြောင့်၊ နေမန်သည်မြင်းရထားကိုစီးသွား၍ ဧလိရှဲအိမ်ရှေ့မှာ ရပ်နေ၏။ |
ယောရှဖတ်မင်းကြီးက “ထာဝရဘုရား၏နှုတ်တော်ထွက်စကား သူ၌ရှိနိုင်သည်”ဟု ဆိုသဖြင့် အစ္စရေးဘုရင်အပါအဝင် ယောရှဖတ်မင်းကြီးနှင့် ဧဒုံဘုရင်တို့သည် ဧလိရှဲထံသို့ ဆင်းသွားကြ၏။
ဧလိရှဲက သူ့ထံလူလွှတ်၍ “ဂျော်ဒန်မြစ်သို့သွားပြီး ခုနစ်ကြိမ်ရေချိုးပါ။ သို့ပြုလျှင် သင့်အသားအရေသည် ပြန်ကောင်းလာပြီး စင်ကြယ်သွားလိမ့်မည်”ဟု မှာလိုက်၏။
ထိုသို့ အစ္စရေးဘုရင်သည် မိမိအဝတ်ကိုဆုတ်ဖြဲကြောင်း ဘုရားသခင်၏လူဧလိရှဲကြားလျှင် ရှင်ဘုရင်ထံလူလွှတ်၍ “အဘယ်ကြောင့် ကိုယ့်အဝတ်ကိုဆုတ်ဖြဲရသနည်း။ ထိုသူကို အကျွန်ုပ်ထံသို့ လွှတ်လိုက်ပါ။ အစ္စရေးပြည်တွင် ပရောဖက်ရှိကြောင်းကို သူသိရလိမ့်မည်”ဟု မှာလိုက်၏။
ထိုအချိန်၌ ဧလိရှဲသည် မိမိအိမ်၌ထိုင်နေ၏။ သက်ကြီးဝါကြီးတို့လည်း သူနှင့်အတူထိုင်လျက်ရှိ၏။ ရှင်ဘုရင်က ဧလိရှဲထံ ရှေ့တော်ပြေးတစ်ယောက်ကိုစေလွှတ်၏။ သို့သော် ထိုတမန်မရောက်မီ ဧလိရှဲက သက်ကြီးဝါကြီးတို့အား “ဤလူသတ်သမား၏သားသည် ငါ့ခေါင်းကိုဖြတ်ဖို့ လူကိုစေလွှတ်သည်ကို သင်တို့ သိသလော။ ထိုတမန်ရောက်လာလျှင် တံခါးကိုပိတ်ထားပါ။ တံခါးကို တွန်းထားကြပါ။ သူ့နောက်၌ သူ့သခင်၏ခြေသံကပ်ပါလာသည် မဟုတ်လော”ဟု ဆို၏။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။