သူတို့က အကျွန်ုပ်အား ‘ငါတို့စားဖို့အသားကို ပေးပါ’ဟု ဆိုလျက် ငိုကြွေးကြသည်ဖြစ်၍ အကျွန်ုပ်သည် ဤလူအပေါင်းတို့ကိုပေးဖို့ အသားကို အဘယ်က ရနိုင်ပါမည်နည်း။
၄ ရာ 4:43 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူ၏ငယ်သားက “ဤမျှလောက်နှင့် လူအယောက်တစ်ရာကို မည်သို့ကျွေးနိုင်ပါမည်နည်း”ဟု မေးလျှင် ဧလိရှဲက “လူတို့စားဖို့ ပေးလော့။ ထာဝရဘုရားက ‘သူတို့စားဖို့လောက်သည့်အပြင် အကြွင်းအကျန်လည်း ရှိလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။ Common Language Bible သို့ရာတွင်အစေခံက``လူတစ်ရာကိုဤမျှလောက် နှင့်ကျွေးနိုင်ပါမည်လော'' ဟုဆို၏။ ဧလိရှဲက``ထို အစားအစာကို ဤသူတို့ကိုကျွေးလော့။ ထာဝရ ဘုရားက`သူတို့သည်ဝစွာစားရကြသည့်အပြင် စားစရာအချို့ပင်ကျန်ကြွင်းလိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုပြန်ပြောလေသည်။- Garrad Bible လူ တစ် ရာ ကို ဤ မျှ လောက် နှင့် ကျွေး နိုင် အံ့ လော ဟု တ ပည့် လျှောက် သော်၊ ဧ လိ ရှဲ က၊ သူ တို့ ကို ကျွေး လော့။ ဝသည့် ပြင် ကျန် ကြွင်း လိမ့် မည် ဟု ထာ ဝ ရ ဘုရား မိန့် တော် မူ ကြောင်း ဆင့် ဆို သည့် အ တိုင်း Judson Bible ကျွန်က အဘယ်သို့နည်း။ ကျွန်တော်သည် လူတစ်ရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟု မေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာစားကြသော်လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်းကိုပြောဆိုသော်၊ |
သူတို့က အကျွန်ုပ်အား ‘ငါတို့စားဖို့အသားကို ပေးပါ’ဟု ဆိုလျက် ငိုကြွေးကြသည်ဖြစ်၍ အကျွန်ုပ်သည် ဤလူအပေါင်းတို့ကိုပေးဖို့ အသားကို အဘယ်က ရနိုင်ပါမည်နည်း။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါထာဝရဘုရား၏လက်သည် တိုသလော။ ငါ၏စကားတည်သည်၊ မတည်သည်ကို ယခု သင်သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကိုကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကို ကောက်သိမ်းကြရာ ခုနစ်တောင်းအပြည့်ရကြ၏။
“မုန့်ခုနစ်လုံးကို လူလေးထောင်အတွက် ငါဖဲ့ခဲ့စဉ်က မုန့်အကျိုးအပဲ့များကို တောင်းအပြည့် ဘယ်နှတောင်းကောက်သိမ်းခဲ့ကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “ခုနစ်တောင်း”ဟု ပြန်လျှောက်ကြ၏။
တပည့်တော်တို့ကလည်း “ဤတောကန္တာရ၌ မည်သူသည် အဘယ်ကမုန့်ကိုယူ၍ ဤသူတို့အား ဝလင်စွာကျွေးနိုင်ပါမည်နည်း”ဟု ပြန်လျှောက်ကြ၏။
သို့သော် ကိုယ်တော်က“သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု မိန့်တော်မူ၏။ သူတို့ကလည်း “ဤလူအားလုံးအတွက် အစားအစာများကို အကျွန်ုပ်တို့သွား၍မဝယ်လျှင် အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်သာရှိပါသည်”ဟု လျှောက်ကြ၏။
လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းရကြ၏။
“ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။