ထိုအခါ ဧလိယက “သင့်သားကိုပေးပါ”ဟု ဆိုပြီး ထိုမုဆိုးမရင်ခွင်မှသားကိုယူ၍ မိမိနေရာအထက်ခန်းသို့ သယ်သွားကာ မိမိ၏အိပ်ရာပေါ်တွင် ချထား၏။
၄ ရာ 4:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူငယ်၏မိခင်သည် အထက်ခန်းသို့တက်သွား၍သူငယ်ကို ဘုရားသခင့်လူ၏ခုတင်ပေါ်တွင် ချထားခဲ့ကာ တံခါးပိတ်ပြီး ပြန်ဆင်းသွား၏။ Common Language Bible ထို့ကြောင့်မိခင်သည်သူ့ကိုဧလိရှဲ၏အခန်း သို့ပွေ့ချီကာ ကုတင်ပေါ်မှာတင်ပြီးနောက် တံခါးကိုပိတ်ထား၏။- Garrad Bible မိ ခင် သည် အိမ် ပေါ် သို့ တက် ပြီး နောက် အ လောင်း ကို ဘု ရား သ ခင့် လူ ယုံ တော်၏ ခု တင် ပေါ် တွင် သိပ် ထား၍ တံ ခါး ပိတ် လျက် ထွက် သွား ပြီး လျှင် Judson Bible အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့်လူ၏ခုတင်ပေါ်မှာထားပြီးလျှင်၊ တံခါးကိုပိတ်ခဲ့၍ သွားလေ၏။ |
ထိုအခါ ဧလိယက “သင့်သားကိုပေးပါ”ဟု ဆိုပြီး ထိုမုဆိုးမရင်ခွင်မှသားကိုယူ၍ မိမိနေရာအထက်ခန်းသို့ သယ်သွားကာ မိမိ၏အိပ်ရာပေါ်တွင် ချထား၏။
ယခု ခေါင်မိုးပြင်ပေါ်မှာ အိပ်ရာ၊ စားပွဲ၊ မီးအိမ်ပါသော အခန်းငယ်တစ်ခန်းကို သူ့အဖို့ ဆောက်လုပ်ကြစို့။ အကျွန်ုပ်တို့ထံလာသောအခါ ထိုအခန်းတွင် တည်းခိုနေပါစေ”ဟု ဆို၏။
ထို့ကြောင့် ငယ်သားက သူ့ကိုချီပြီး သူ့မိခင်ထံခေါ်သွားရာ သူငယ်သည် မိခင်၏ပေါင်ပေါ်တွင်ထိုင်လျက် မွန်းတည့်ချိန်ရောက်လျှင် သေဆုံးသွားလေ၏။
ထို့နောက် မိမိခင်ပွန်းကိုခေါ်၍ “ငယ်သားတစ်ဦးနှင့် မြည်းတစ်ကောင်ကို အကျွန်ုပ်ထံ ပို့ပေးပါ။ အကျွန်ုပ်သည် ဘုရားသခင်၏လူထံသို့ အမြန်သွားပြီး ပြန်လာပါမည်”ဟု ဆို၏။
အိမ်ထဲသို့ ဧလိရှဲရောက်သောအခါ ခုတင်ပေါ်တွင် သူငယ်လဲလျောင်းသေဆုံးနေသည်ကို တွေ့ရ၏။
ထိုမိန်းမသည် ဘုရားသခင်၏လူထံသို့လာ၍ပြောပြသောအခါ သူက “ထိုဆီများကို သွားရောင်းပြီး အကြွေးများကို ဆပ်ပါ။ ကျန်ငွေကို သင်နှင့်သင့်သားတို့ အသက်မွေးဖို့ အသုံးပြုပါ”ဟု ဆို၏။