ထိုအခါ ဧလိရှဲက “အကျွန်ုပ်မည်သို့ပြုပေးရမည်နည်း။ သင့်အိမ်၌ မည်သည့်ပစ္စည်းရှိသနည်း။ ပြောပြပါ”ဟုဆိုလျှင် ထိုမိန်းမက “အရှင့်အစေအပါး၌ ဆီအိုးတစ်လုံးမှလွဲ၍ တစ်အိမ်လုံးတွင် မည်သည့်ပစ္စည်းမျှ မရှိပါ”ဟု ပြန်ပြော၏။
ဧလိရှဲက``သင်၏အတွက် ငါအဘယ်သို့ပြုရ ပါမည်နည်း။ သင်၏အိမ်တွင်အဘယ်ပစ္စည်းဥစ္စာ ရှိပါသနည်း။ ငါ့အားပြောလော့'' ဟုဆို၏။ မုဆိုးမက``သံလွင်ဆီအိုးကလေးတစ်လုံး မှတစ်ပါး အခြားအဘယ်အရာမျှမရှိပါ'' ဟုဖြေကြား၏။
ဧ လိ ရှဲ က၊ သင့် အ တွက် မည် သို့ ပြု စေ လို သ နည်း။ သင့် အိမ် တွင် ဘာ ရှိ သ နည်း။ ပြော လော့ ဟု မေး လျှင် အ ရှင့် တ ပည့် တော် မ အိမ် တွင် ဆီ ဘူး တစ် လုံး မှ တစ် ပါး၊ မည် သည် မျှ မ ရှိ ပါ ဟု လျှောက် ရာ၊
ဧလိရှဲကလည်း၊ သင့်အဖို့ အဘယ်သို့ငါပြုရမည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတစ်လုံးမှတစ်ပါး အဘယ်ဥစ္စာမျှမရှိပါဟုပြောဆိုသော်၊
ထိုအခါ ထိုမုဆိုးမက “သင်၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်၌ မုန့်မရှိပါ။ အိုးထဲ၌ လက်တစ်ဆုပ်စာမုန့်ညက်နှင့် ဘူးထဲ၌ဆီအနည်းငယ်သာ ရှိပါ၏။ အကျွန်ုပ်သည် ထင်းနှစ်ချောင်းကို ကောက်ပြီးလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်သားအဖို့ မုန့်ပြန်ဖုတ်ပါမည်။ ထိုမုန့်ကိုစားပြီးလျှင် အကျွန်ုပ်တို့ သေဖို့သာကျန်ပါတော့သည်”ဟု ပြန်ပြော၏။
သူတို့ မြစ်ကိုဖြတ်ကူးပြီးလျှင် ဧလိယက ဧလိရှဲအား “ငါသည် သင့်ထံမှ ဆောင်ယူသွားခြင်းမခံရမီ သင့်အဖို့ မည်သည့်အရာပြုပေးရမည်ကို ပြောပါလော့”ဟု ဆိုလျှင် ဧလိရှဲက “အရှင့်ထံ၌ရှိသောဝိညာဉ်မျိုး အကျွန်ုပ်၌ နှစ်ဆရှိပါစေသော”ဟု တောင်းဆို၏။
ဧလိရှဲကလည်း “သင့်ဝန်းကျင်ရှိအိမ်နီးချင်းအားလုံးတို့ထံသို့သွား၍ အိုးငှားခဲ့ပါ။ အိုးလွတ်တို့ကိုရနိုင်သမျှ များများငှားခဲ့ပါ။
ထာဝရဘုရားက “သင့်လက်ထဲ၌ မည်သည့်အရာရှိသနည်း”ဟု သူ့အား မေးတော်မူလျှင် “တောင်ဝှေးရှိပါသည်”ဟု ပြန်လျှောက်လေ၏။
ယေရှုကလည်း“သင်တို့တွင် မုန့်မည်မျှရှိသနည်း”ဟု မေးတော်မူရာ သူတို့က “မုန့်ခုနစ်လုံးနှင့် ငါးကလေးအနည်းငယ်ရှိပါသည်”ဟု ပြန်လျှောက်ကြ၏။
ထိုအခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့”ဟု ဆိုလျက်
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။