အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၄ ရာ 3:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ မိမိ​အရိုက်အရာ​ကို​ဆက်ခံ​မည့်​သားဦး​အား ယူ​၍ မြို့ရိုး​ပေါ်တွင် ယဇ်ပူဇော်​လေ​၏​။ အစ္စရေး​လူမျိုး​တို့​သည် အမျက်ဒဏ်​ကြီးစွာ​ခံရ​သဖြင့် တပ်​ကို​ဆုတ်ခွာ​ပြီး မိမိ​တို့​ပြည်​သို့ ပြန်သွား​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို့​ကြောင့်​သူ​သည်​မိ​မိ​၏​အ​ရိုက်​အ​ရာ​ဆက်​ခံ မည့်​သား​ဦး​ကို​မြို့​ရိုး​ပေါ်​တွင် မော​ဘ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လေ​၏။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ကြောက်​လန့်​၍ မော​ဘ​အ​မျိုး​သား တို့​၏​ဘု​ရား​တစ်​ခု​ခု​ပြု​လုပ်​မည်​ကို​ကြောက် သော​ကြောင့်​လည်း​ကောင်း၊ သို့​မ​ဟုတ်​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား တစ်​ခု​ခု​ပြု​လုပ်​မည်​ကို​ကြောက်​ကြ​သ​ဖြင့် လည်း​ကောင်း ထို​မြို့​မှ​ဆုတ်​ခွာ​၍​မိ​မိ​တို့​ပြည် သို့​ပြန်​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ့် အ ရိုက် အ ရာ၌ နန်း ရံ သား ဦး ကို မြို့ ရိုး ပေါ် တွင် မီး ရှို့ ရာ သ က္ကာ အ ဖြစ် ပူ ဇော် လေ ၏။ ဣ သ ရေ လ အ ပေါ် တွင် အ မျက် တော် ဒဏ် ကြီး လေး သော ကြောင့် ထို ပြည် မှ ဆုတ် ခွာ၍ ကိုယ့် ပြည် သို့ ပြန် သွား ကြ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

နောက်​မှ​မိ​မိ​ကိုယ်​စား နန်း​ထိုင်​ထိုက်​သော​သား​ဦး​ကို​ယူ၍ မြို့​ရိုး​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ပြု​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​တစ်​ပါး​အ​မျက်​ထွက်​ခြင်း​ကို ခံ​ရ​သော​ကြောင့်၊ ထို​ပြည်​ကို​ထား၍ ကိုယ်​ပြည်​သို့ ပြန်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။



၄ ရာ 3:27
14 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​သည် မျှော်ကြည့်​လိုက်​ရာ ချုံတော​၌​ဦးချို​ငြိ​နေ​သော သိုးထီး​တစ်​ကောင်​ကို​မြင်​လေ​၏​။ ထိုအခါ အာဗြဟံ​သည် သွား​၍ ထို​သိုးထီး​ကို​ဖမ်းယူ​ပြီးလျှင် မိမိ​သား​အစား ၎င်း​ကို​မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လေ​၏​။


ကိုယ်တော်​က​လည်း “​သင်​၏​သား​၊ သင်​ချစ်​သော သင်​၏​တစ်ဦးတည်း​သော​သား ဣဇက်​ကို​ခေါ်​၍ မောရိ​ပြည်​သို့​သွား​လော့​။ ထို​အရပ်​၌ သင့်​အား​ငါ​ပြ​မည့်​တောင်​တစ်​လုံး​ပေါ်တွင် သူ့​ကို​မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လော့​”​ဟု မိန့်​တော်မူ​၏​။


ထိုအခါ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ထံသို့ ပရောဖက်​တစ်​ပါး ရောက်လာ​ပြီး “​ထာဝရဘုရား​က ‘​ဤ​စစ်သည်ထု​ကြီး​ကို သင်​မြင်​သလော​။ ယနေ့ သူ​တို့​ကို သင့်​လက်​သို့ အပ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​၏​။


ထိုအခါ ဘုရားသခင်​၏​လူ​သည် အစ္စရေး​ဘုရင်​ထံ​ရောက်လာ​၍ “​ဆီးရီးယား​ဘုရင်​က ‘ထာဝရဘုရား​သည် တောင်​ကို​ပိုင်​သော​ဘုရား​သာ​ဖြစ်​၏​။ လွင်ပြင်​ကို​ပိုင်​သော​ဘုရား မ​ဟုတ်​ပါ’​ဟု ဆို​လေ​ပြီ​။ ထို့ကြောင့် ဤ​စစ်သည်ထု​ကြီး​ကို သင့်​လက်​သို့ ငါ​အပ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​လိမ့်မည်​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ပြီ”​ဟု ဆင့်ဆို​လေ​၏​။


ထိုအခါ အစ္စရေး​ဘုရင်​သည် စိတ်မကျေမနပ်​ဖြစ်​၍ မျက်နှာသုန်မှုန်​လျက် မိမိ​နန်းတော်​ရှိ​ရာ​ရှမာရိ​မြို့​သို့ ပြန်သွား​လေ​၏​။


မောဘ​ဘုရင်​သည် တိုက်ပွဲ​ပြင်းထန်​ကြောင်း​ကို ရိပ်မိ​လျှင် ဓားကိုင်တပ်သား​အယောက်​ခုနစ်​ရာ​ကို ခေါ်​၍ ဧဒုံ​ဘုရင်​၏​တပ်​ကို ထိုးဖောက်​၏​။ သို့သော် မ​ထိုးဖောက်​နိုင်​ကြ​။


‘သင်​သည် ပြည့်တန်ဆာ​ပြု​ခြင်း​ဖြင့် မလုံလောက်​သေး​။ သင်​မွေးလာ​သော​သား​သမီး​တို့​ကို​ယူ​၍ ထို​ရုပ်တု​တို့​အား အစာ​အဖြစ် ပူဇော်​၏​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​မောဘ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​သည် ဧဒုံ​ဘုရင်​၏​အရိုးစု​ကို မီးရှို့​ပြာချ​ပစ်​လေ​ပြီ​။


ထာဝရဘုရား​သည် သိုးထီး​တစ်ထောင်​၊ ဆီ​မြစ်​တစ်သောင်း​ကို နှစ်သက်​တော်မူ​မည်လော​။ ငါ​ကျူးလွန်​သော​အပြစ်​အတွက် ငါ​၏​သားဦး​ကို​လည်းကောင်း​၊ ငါ့​စိတ်​ထဲ၌ ပြု​သော​အပြစ်​အတွက် ငါ​၏​ရင်သွေး​ကို​လည်းကောင်း ပူဇော်​ရ​မည်လော​။


ထို​လူမျိုး​သည် ထာဝရဘုရား​မုန်း​တော်မူ​သည့် စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို မိမိ​တို့​ဘုရား​များ​အတွက် ပြု​ကြ​၏​။ စင်စစ် သူ​တို့​သည် မိမိ​တို့​၏​သား​သမီး​များ​ကို​ပင် သူ​တို့​၏​ဘုရား​များ​အတွက် မီး​ရှို့​ကြ​၏​။ သူ​တို့​ပြု​သကဲ့သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် မ​ပြု​ရ​။


အမ္မုန်​အမျိုးသား​တို့​ကို အောင်နိုင်​၍ ပြန်လာ​သောအခါ အကျွန်ုပ်​အား အိမ်​တံခါးဝ​မှ​ထွက်​ကြို​သော​သူ​ကို ထာဝရဘုရား​အဖို့ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ပါ​မည်​”​ဟု ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​လေ​၏​။


နှစ်​လ​ပြည့်​သောအခါ သူ​သည် ဖခင်​ထံ​ပြန်လာ​၏​။ ဖခင်​သည်​လည်း မိမိ​ကတိသစ္စာ​ပြု​သည့်​အတိုင်း သမီး​၌ ပြု​လေ​၏​။ သူ​သည် ယောက်ျား​နှင့်​မ​ဆက်ဆံ​ဖူး​သော​အပျိုစင်​ဖြစ်​၏​။ ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​တွင် ဓလေ့​တစ်​ခု​ဖြစ်လာ​လေ​၏​။