ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
၄ ရာ 25:8 - မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌ ဘေဘီလုံဘုရင်၏အမှုထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ရောက်လာ၏။ Common Language Bible ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏နန်းစံတစ် ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌မင်းကြီး ၏အတိုင်ပင်ခံဖြစ်သူတပ်မှူးနေဗုဇာရဒန် သည်ယေရုရှလင်မြို့သို့ချီတက်၍၊- Garrad Bible ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း နန်း စံ ဆယ့် ကိုး နှစ်၊ ပ ဥ္စ မ လ၊ ခု နစ် ရက် တွင် ဗာ ဗု လုန် ဘု ရင်၏ ကျွန် ယုံ၊ ကိုယ့် ရံ တော် မှူး၊ နေ ဗု ဇာ ရ ဒန် သည် ယေ ရု ရှ လင် မြို့ သို့ ချီ တက်၍ Judson Bible ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ်ကိုးနှစ်၊ ပဥ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ |
ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ မြို့ပြင်၌စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။
ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ခုနစ်ရက်နေ့ ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းတက်သောနှစ်တွင် ယုဒဘုရင်ယောယခိမ်မင်းကြီးကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။
ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။
သို့သော် အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို အမျက်ထွက်အောင်ပြုကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ခါလဒဲဘုရင် နေဗုခဒ်နေဇာမင်းကြီးလက်သို့ အပ်လိုက်တော်မူ၏။ ထိုဘုရင်သည် ဤအိမ်တော်ကိုဖျက်ဆီး၍ လူတို့ကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
မင်းကြီးအား “အရှင်မင်းကြီး သက်တော်ရှည်ပါစေ။ အကျွန်ုပ်ဘိုးဘေးတို့၏သင်္ချိုင်းမြေရှိရာမြို့သည် ပျက်စီး၍ မြို့တံခါးများ မီးလောင်ကျွမ်းသွားသောကြောင့် အကျွန်ုပ် မျက်နှာမညှိုးဘဲ နေနိုင်ပါမည်လော”ဟု ပြန်လျှောက်၏။
ရန်ပြုလာသောရန်သူတို့ ဂျေရုဆလင်မြို့တံခါးထဲ ဝင်ရောက်လာနိုင်သည်ကို မည်သည့်မြေကြီးဘုရင်မျှ၊ မည်သည့်လောကလူသားမျှ မယုံနိုင်ကြပေ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။