ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
၄ ရာ 25:6 - မြန်မာ့စံမီသမ္မာကျမ်း ခါလဒဲစစ်သည်တို့သည် ဇေဒကိမင်းကြီးကိုဖမ်းဆီးပြီး ဘေဘီလုံဘုရင်ရှိရာ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ သူ့ကို စီရင်ချက်ချလေ၏။ Common Language Bible ရန်သူတို့သည်ဇေဒကိအားနေဗုခဒ်နေဇာ မင်းရှိရာရိဗလမြို့သို့ခေါ်ဆောင်သွားကြ ရာ နေဗုခဒ်နေဇာသည်ထိုအရပ်၌ပင်စီရင် ချက်ချမှတ်လေသည်။- Garrad Bible ရိ ဗ လ မြို့ ရှိ ဗာ ဗု လုန် ဘု ရင့် ထံ ယူ သွား သော်၊ စီ ရင် သည့် အ တိုင်း Judson Bible ရန်သူတို့သည် ရှင်ဘုရင်ကိုဖမ်းဆီး၍ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်သည်အတိုင်း၊ |
ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
ခါလဒဲစစ်သည်တို့သည်လည်း ရှင်ဘုရင်နောက်သို့လိုက်ကြရာ ဇေဒကိမင်းကြီးကို ဂျေရိခေါလွင်ပြင်၌ မီလေ၏။ သူ၏စစ်သည်အပေါင်းတို့သည်လည်း တကွဲတပြားထွက်ပြေးကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။
ယုဒဘုရင်ဇေဒကိသည် ခါလဒဲတပ်၏လက်မှလွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ အမှန်ရောက်ရလိမ့်မည်။ သူသည် ဘေဘီလုံဘုရင်နှင့် မျက်နှာချင်းဆိုင် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားပြောရမည်။
သင်သည် ဘေဘီလုံဘုရင်၏လက်မှလွတ်မြောက်မည်မဟုတ်။ ဖမ်းဆီးခြင်း အမှန်ခံရမည်။ ထိုဘုရင်လက်အောက်သို့ ရောက်ရလိမ့်မည်။ သူနှင့် မျက်နှာချင်းဆိုင် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားပြောရလိမ့်မည်။ ဘေဘီလုံမြို့သို့ လိုက်ပါသွားရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်ဟု ပြောကြားလော့။
သင့်မိဖုရားနှင့် သားတော်၊ သမီးတော် အားလုံးကို ခါလဒဲစစ်သည်တို့ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ ရောက်ရလိမ့်မည်။ ဤမြို့သည်လည်း မီးရှို့ခြင်းခံရလိမ့်မည်’ဟူ၍ ဖော်ပြတော်မူပြီ”ဟု လျှောက်ဆို၏။
ခါလဒဲစစ်သည်တို့သည် ဇေဒကိမင်းကြီးကိုဖမ်းဆီးပြီး ဘေဘီလုံဘုရင်ရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် သူ့ကို စီရင်ချက်ချလေ၏။