ခါလဒဲစစ်သည်တို့သည်လည်း ရှင်ဘုရင်နောက်သို့လိုက်ကြရာ ဇေဒကိမင်းကြီးကို ဂျေရိခေါလွင်ပြင်၌ မီလေ၏။ သူ၏စစ်သည်အပေါင်းတို့သည်လည်း တကွဲတပြားထွက်ပြေးကြ၏။
သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့သည် ဇေဒကိမင်းကိုလိုက်၍ဖမ်းကြရာ ယေရိခေါ မြို့အနီးရှိလွင်ပြင်တွင်မိလေသည်။ ဇေဒကိ ၏စစ်သူရဲအပေါင်းတို့သည်ကားမိမိတို့ အရှင်ကိုစွန့်၍ထွက်ပြေးကြ၏။-
ခါ လ ဒဲ တပ် သား တို့ သည် ဘု ရင် မင်း ကို လိုက် လံ လျက် ယေ ရိ ခေါ ချိုင့် တွင် ဗိုလ် ထု ကွဲ ပြား နှင့် သော ထို ဘု ရင် မင်း ကို မီ၍ ဖမ်း ဆီး ပြီး လျှင်၊
ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကိုလိုက်၍ ယေရိခေါလွင်ပြင်၌ မီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားပြီး ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း ရှင်ဘုရင်နှင့်တကွ စစ်သူရဲအပေါင်းတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
ခါလဒဲစစ်သည်တို့သည် ဇေဒကိမင်းကြီးကိုဖမ်းဆီးပြီး ဘေဘီလုံဘုရင်ရှိရာ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ သူ့ကို စီရင်ချက်ချလေ၏။
သင်တို့က “ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ထွက်ပြေးမည်”ဟု ဆိုသောကြောင့် သင်တို့ထွက်ပြေးရလိမ့်မည်။ “ငါတို့သည် အပြေးမြန်သောမြင်းကိုစီးသွားမည်”ဟု ဆိုသောကြောင့် သင်တို့ကိုလိုက်သောသူတို့သည် အလျင်အမြန်လိုက်လိမ့်မည်။
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။
ထာဝရဘုရားက ‘ငါသည် ယုဒဘုရင်ဇေဒကိမှစ၍ သူ၏မှူးမတ်များနှင့် ဤပြည်၌ကျန်ရစ်သော ဂျေရုဆလင်မြို့သူမြို့သားများ၊ အီဂျစ်ပြည်သို့ပြောင်းရွှေ့နေထိုင်သောသူများကို စား၍မရအောင်ပုပ်နေသောသဖန်းသီးကဲ့သို့ ဖြစ်စေမည်။
သင်သည် ဘေဘီလုံဘုရင်၏လက်မှလွတ်မြောက်မည်မဟုတ်။ ဖမ်းဆီးခြင်း အမှန်ခံရမည်။ ထိုဘုရင်လက်အောက်သို့ ရောက်ရလိမ့်မည်။ သူနှင့် မျက်နှာချင်းဆိုင် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားပြောရလိမ့်မည်။ ဘေဘီလုံမြို့သို့ လိုက်ပါသွားရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်ဟု ပြောကြားလော့။
ခါလဒဲစစ်သည်တို့ကလည်း သူတို့နောက်သို့လိုက်ရာ ဂျေရိခေါလွင်ပြင်တွင် ဇေဒကိမင်းကြီးကိုမီသဖြင့် သူ့ကိုဖမ်းပြီး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် ဇေဒကိမင်းကြီးကို စီရင်ချက်ချလေ၏။
ယုဒအမျိုးသည် အနှိပ်စက်ခံရပြီ။ ကြမ်းကြမ်းတမ်းတမ်းကျွန်ပြုခံရပြီ။ ဖမ်းခေါ်သွားခြင်းခံရပြီ။ လူမျိုးခြားတို့တွင် နေထိုင်ရပြီ။ နားခိုရာကိုမတွေ့။ သူ့ကိုလိုက်သောသူအပေါင်းတို့သည် လမ်းဆုံး၌ သူ့ကိုမီကြလေပြီ။
ဇိအုန်သမီး၏ခန့်ညားထည်ဝါမှုသည် သူ့ကို စွန့်ပစ်လေပြီ။ သူ၏အကြီးအကဲတို့သည် စားကျက်မြေကိုရှာမတွေ့သော သမင်များကဲ့သို့ဖြစ်လေပြီ။ လိုက်သောသူတို့ရှေ့၌ အားအင်ချည့်နဲ့စွာဖြင့် ပြေးကြရလေပြီ။
သူ့အပါး၌ ခစားသောမှူးမတ်များ၊ စစ်တပ်များကိုလည်း လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သူတို့နောက်သို့လိုက်မည်။
ထွက်ပြေးသောစစ်သည်အပေါင်းတို့သည် ဓားဖြင့်သေကြရလိမ့်မည်။ ကြွင်းကျန်သောသူတို့သည်လည်း လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်ကြရလိမ့်မည်။ ထိုသို့ ငါထာဝရဘုရားမိန့်ဆိုခဲ့ကြောင်း သင်တို့သိကြရလိမ့်မည်’ဟု မိန့်တော်မူ၏။
အစ္စရေးခေါင်းဆောင်တို့နှင့်ဆိုင်သော ငိုချင်းကို ဖွဲ့ဆိုလော့။