ထို့ပြင် ဟိရံသည် အင်တုံများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟိရံသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လုပ်ဆောင်စရာရှိသမျှကို လုပ်ဆောင်ပြီးစီးသွား၏။
၄ ရာ 25:14 - မြန်မာ့စံမီသမ္မာကျမ်း အိုးများ၊ ဂေါ်ပြားများ၊ မီးညှပ်များ၊ ဇွန်းများမှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ကြေးနီတန်ဆာပလာရှိသမျှတို့ကိုလည်း ယူဆောင်သွားကြ၏။ Common Language Bible သူတို့သည်ယဇ်ပလ္လင်သန့်ရှင်းရေးအတွက်အသုံး ပြုသည့် တူရွင်းပြားများ၊ ပြာခွက်များမီးခွက် များကိုတိုက်ချွတ်ပြင်ဆင်ရာ၌အသုံးပြုသည့် တန်ဆာပလာများ၊ ယဇ်ကောင်သွေးခံခွက်ဖလား များ၊ နံ့သာပေါင်းကိုမီးရှို့ရာခွက်ဖလားများနှင့် ဗိမာန်တော်အတွင်းကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့် အခြားကြေးဝါပစ္စည်းအသုံးအဆောင် များကိုလည်းယူဆောင်သွားကြ၏။- Garrad Bible အိုး၊ ကော် ပြား၊ မီး ညှပ်၊ ခွက် မှ စ၍ ဝတ် ပြု ရာ ကြေး အ သုံး အ ဆောင် များ ကို ယူ လျက် Judson Bible အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာ ရှိသမျှတို့ကိုလည်း ယူသွားကြ၏။ |
ထို့ပြင် ဟိရံသည် အင်တုံများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟိရံသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လုပ်ဆောင်စရာရှိသမျှကို လုပ်ဆောင်ပြီးစီးသွား၏။
အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော မီးကျီးခံဗန်းများ၊ ဇလုံများကိုလည်း သိမ်းယူသွားလေ၏။
အိမ်တော်ပြုပြင်ခြင်းအမှုပြီးစီးသောအခါ ကျန်ရှိသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံ ယူဆောင်လာကြ၏။ ထိုငွေဖြင့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်များ၊ အမှုတော်နှင့် မီးရှို့ရာယဇ်ပူဇော်ခြင်းအတွက် လိုအပ်သောအသုံးအဆောင်များ၊ ခွက်များ၊ ရွှေထည်ငွေထည်အသုံးအဆောင်များကို ပြုလုပ်၏။ ယောယဒလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏အိမ်တော်တွင် မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
အိုးများ၊ ဂေါ်ပြားများ၊ ခက်ရင်းခွများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်း စသည့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်၏။
အိုးများ၊ ဂေါ်ပြားများ၊ မီးညှပ်များ၊ ဇလုံများ၊ ခွက်များနှင့် အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ကြေးနီတန်ဆာပလာရှိသမျှတို့ကိုလည်း ယူဆောင်သွားကြ၏။