ခါလဒဲဘုရင်သည် ဓားဘေးမှလွတ်၍ကြွင်းကျန်သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ပါးရှားနိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် သူတို့ကို သူနှင့်သူ့သားမြေးတို့၏အစေအပါးအဖြစ် ထားရှိ၏။
၄ ရာ 25:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။ Common Language Bible ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။- Garrad Bible မြို့ တွင်း၌ ကြွင်း ကျန် သော မြို့ သူ မြို့ သား တို့ ကိုလည်း ကောင်း၊ ကိုယ့် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် သည် သိမ်း သွား လျက် ဆင်း ရဲ သော ပြည် သူ ပြည် သား တို့ ကို ကား Judson Bible ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွားလေ၏။ |
ခါလဒဲဘုရင်သည် ဓားဘေးမှလွတ်၍ကြွင်းကျန်သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ပါးရှားနိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် သူတို့ကို သူနှင့်သူ့သားမြေးတို့၏အစေအပါးအဖြစ် ထားရှိ၏။
ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည်၊ နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။
အကျွန်ုပ်တို့၏နွားတို့သည် ထမ်းပိုးကောင်းကြပါစေသော။ မြို့ရိုးကျိုးပေါက်ခြင်းမရှိ၊ သိမ်းသွားခံရခြင်းလည်းမရှိ၊ အကျွန်ုပ်တို့၏လမ်းများ၌ ငိုကြွေးပူဆွေးခြင်းလည်း မရှိပါစေနှင့်။
ထို့ကြောင့် ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤမြို့ကို ခါလဒဲတပ်၏လက်သို့၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာ၏လက်သို့ အပ်မည်။ သူသည် မြို့ကိုသိမ်းပိုက်လိမ့်မည်။
ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှကြွင်းကျန်သူများ၊ သူ့ထံခိုလှုံလာသူများ၊ အသက်ရှင်ကျန်ရစ်သူများကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားလေ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ဆယ်ရက်နေ့၌ ဘေဘီလုံဘုရင်ထံပါး၌ခစားသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ ရောက်လာ၏။
ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဆင်းရဲသားများ၊ မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် လက်မှုပညာရှင်အကြွင်းအကျန်များကို ဖမ်းခေါ်သွားလေ၏။
နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ဂျူးလူမျိုးခုနစ်ရာလေးဆယ့်ငါးယောက်၊ စုစုပေါင်း လူလေးထောင့်ခြောက်ရာတို့ကို ဖမ်းခေါ်သွားလေသတည်း။
ငါသည် သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ ငါလုပ်ပြသည့်အတိုင်း သူတို့ကြုံတွေ့ရလိမ့်မည်။ သုံ့ပန်းအဖြစ် လိုက်သွားရလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
ထွက်ပြေးသောစစ်သည်အပေါင်းတို့သည် ဓားဖြင့်သေကြရလိမ့်မည်။ ကြွင်းကျန်သောသူတို့သည်လည်း လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်ကြရလိမ့်မည်။ ထိုသို့ ငါထာဝရဘုရားမိန့်ဆိုခဲ့ကြောင်း သင်တို့သိကြရလိမ့်မည်’ဟု မိန့်တော်မူ၏။
မြို့ကိုဝိုင်းထားသောနေ့စေ့သောအခါ ထိုအထဲမှ သုံးပုံတစ်ပုံကို မြို့ထဲတွင် မီးရှို့ပစ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို မြို့ထဲလှည့်လည်၍ ဓားဖြင့်ခုတ်ဖြတ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို လေထဲသို့လွှင့်ပစ်လိုက်လော့။ ငါသည် ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။