မင်းမှုထမ်းများ မြို့ကိုဝိုင်းရံထားစဉ် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် စစ်ချီလာ၍ ထိုမြို့ကို တိုက်ခိုက်လေ၏။
၄ ရာ 24:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလ၌ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး၏အမှုထမ်းတို့သည် ဂျေရုဆလင်မြို့ကို ချီတက်ဝိုင်းရံထား၏။ Common Language Bible နေဗုခဒ်နေဇာ၏တပ်မှူးများကွပ်ကဲသည့် ဗာဗုလုန်တပ်မတော်သည် ယေရုရှလင်မြို့ ကိုဝိုင်းရံထားသည်မှာယေခေါနိမင်း၏ လက်ထက်၌ဖြစ်၏။- Garrad Bible ထို ကာ လ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း၏ ဗိုလ် ချုပ် တို့ သည် ယေ ရု ရှ လင် မြို့ သို့ ချီ တက် ဝိုင်း ထား ကြ၏။ Judson Bible ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ၏။ |
မင်းမှုထမ်းများ မြို့ကိုဝိုင်းရံထားစဉ် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် စစ်ချီလာ၍ ထိုမြို့ကို တိုက်ခိုက်လေ၏။
သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
အစ္စရေးလူမျိုးသည် ခြင်္သေ့တို့အလိုက်ခံရ၍ တကွဲတပြားဖြစ်နေသောသိုးကဲ့သို့ဖြစ်၏။ ဦးစွာ အဆီးရီးယားဘုရင်သည် ကိုက်စား၏။ နောက်ဆုံးမှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အရိုးတို့ကို ဝါးမျိုလေ၏။
‘အချင်းလူသား၊ ပရောဖက်ပြုဟောပြောလော့။ လက်ခုပ်တီးလော့။ ဓားကို နှစ်ကြိမ်မက သုံးကြိမ်မြှောက်လော့။ ဤဓားသည် သတ်ဖြတ်မည့်ဓား၊ သူတို့ကိုဝိုင်းရံပြီး သတ်ပွဲနွှဲမည့်ဓားဖြစ်၏။