သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
၄ ရာ 23:6 - မြန်မာ့စံမီသမ္မာကျမ်း အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း ထာဝရဘုရား၏အိမ်တော်ထဲမှ ဂျေရုဆလင်မြို့ပြင် ကေဒြုန်ချိုင့်ဝှမ်းသို့ ထုတ်လာ၏။ ထိုတံခွန်တိုင်ကို ကေဒြုန်ချိုင့်ဝှမ်း၌ မီးရှို့အမှုန့်ချေပစ်ပြီး ပြာများကို ပြည်သူပြည်သားတို့၏သင်္ချိုင်းပေါ်သို့ ကြဲချလေ၏။ Common Language Bible သူသည်အာရှရဘုရားမအားဆက်ကပ်ထား သည့်တံခွန်တိုင်ကိုလည်း ဗိမာန်တော်ထဲမှဖယ် ရှားကာ မြို့ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းသို့ထုတ်ပြီး လျှင်မီးရှို့လေသည်။ ထိုနောက်ပြာကိုညက်အောင် ထောင်း၍ အများပြည်သူတို့၏သင်္ချိုင်းမြေပေါ် တွင်ကြဲဖြန့်လေသည်။- Garrad Bible ဗိ မာန် တော် ရှိ တံ ခွန် ကို ယေ ရု ရှ လင် မြို့ ပြင် ကေ ဒြုန် ချိုင့် သို့ ထုတ်၍ မီး တိုက် ချေ မွှ ပြီး လျှင် အ မုန့် ကို လူ ယုတ် တို့ သင်္ချိုင်း ပုံ တွင် ကြဲ ဖြန့် လေ၏။ Judson Bible အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။ |
သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
အာဟပ်မင်းကြီးသည် အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ထိုထက်မက သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်အပေါင်းတို့ထက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သာ၍အမျက်ထွက်စေ၏။
သင်သည် မြို့ပြင်ထွက်၍ ကေဒြုန်ချောင်းကို ဖြတ်သည့်နေ့တွင်ပင် မုချသေရမည်ဟု မှတ်လော့။ သင့်အပြစ်သည် သင့်ခေါင်းပေါ်သို့ ပြန်ရောက်ခြင်းသာဖြစ်၏”ဟု မိန့်ဆို၏။
ထို့နောက် ဗာလဘုရားဝတ်ကျောင်းထဲရှိ ကျောက်တိုင်များကို အပြင်သို့ထုတ်ပြီး မီးရှို့ပစ်ကြ၏။
ဗာလကျောက်တိုင်ကို ဖြိုဖျက်ပစ်ပြီး ဗာလဝတ်ကျောင်းကိုလည်း ဖြိုဖျက်ကာ ထိုနေရာကို အလေးအပေါ့စွန့်ရာနေရာအဖြစ် ယနေ့တိုင် ထားရှိလေ၏။
မိမိကိုယ်တိုင်ထွင်းထုထားသော အာရှရနတ်ဘုရားမရုပ်တုကိုလည်း အိမ်တော်တွင် ထားရှိ၏။ ထာဝရဘုရားက ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။
ရှင်ဘုရင်သည် ယုဒဘုရင်တို့ တည်ထားခဲ့သည့် အာခတ်မင်းကြီး၏လေသာနန်းဆောင်ခေါင်မိုးပြင်ရှိ ယဇ်ပလ္လင်များ၊ ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုအတွင်းရှိ မနာရှေမင်းကြီးတည်ထားခဲ့သောယဇ်ပလ္လင်များကို ရှိသည့်နေရာမှ ဖြိုချအမှုန့်ချေပစ်ပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ကြဲချလိုက်လေ၏။
ဗေသလမြို့ရှိ ယဇ်ပလ္လင်နှင့် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီးတည်ထားခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကိုလည်း ရှင်ဘုရင်သည် ထိုယဇ်ပလ္လင်နှင့် အထွတ်အမြတ်ထားရာနေရာကိုပါ ဖြိုချပစ်ပြီး မီးရှို့ကာအမှုန့်ချေပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း မီးရှို့ပစ်၏။
အာသမင်းကြီးသည် အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော မိမိ၏အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲဖျက်ဆီးကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
သူသည် ခမည်းတော်ဟေဇကိမင်းကြီး ဖြိုဖျက်ခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကို ပြန်လည်တည်ဆောက်၏။ ဗာလယဇ်ပလ္လင်များကို တည်၍ အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကိုလည်း စိုက်ထူ၏။ ကောင်းကင်တန်ဆာရှိသမျှတို့ကိုလည်း ရှိခိုးကိုးကွယ်၏။
ဗာလယဇ်ပလ္လင်များကိုလည်း သူ့ရှေ့၌ဖြိုဖျက်ပစ်ကြ၏။ ထိုယဇ်ပလ္လင်ပေါ်ရှိ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကိုလည်း ချိုးဖျက်ပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကိုလည်း တစ်စစီချိုးဖဲ့ဖျက်ဆီးပစ်ပြီး ယဇ်ပူဇော်သောသူတို့၏သင်္ချိုင်းဂူများပေါ်တွင် ကြဲပစ်လိုက်လေ၏။
ထိုသူတို့ပြုလုပ်ထားသော နွားသငယ်ရုပ်တုကိုလည်း ယူ၍ မီးရှို့အမှုန့်ကြိတ်ပြီးလျှင် ရေပေါ်သို့ကြဲ၍ အစ္စရေးအမျိုးသားတို့ကို သောက်စေ၏။
သူတို့၏သားသမီးများပင် ကုန်းမြင့်များပေါ်ရှိ စိမ်းလန်းသောသစ်ပင်များအနီး၌ မိမိတို့တည်ထားသောယဇ်ပလ္လင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို စွဲလမ်းကြလေပြီ။
ထို့ကြောင့် ယောရှိ၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “အလို ငါ့အစ်ကို၊ အလို ငါ့နှမဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။ အလို သခင်၊ အလို ဘုန်းကြီးသောသူဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။
အလောင်းကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့်ဝှမ်းတစ်ခုလုံး၊ ကေဒြုန်ချောင်းမှ အရှေ့ဘက်မြင်းတံခါးထောင့်အထိ ကွင်းပြင်တစ်ခုလုံးသည် ထာဝရဘုရားအတွက် သန့်ရှင်းသောနေရာဖြစ်လာမည်။ ဘယ်သောအခါမျှ ဖြိုဖျက်မှောက်လှန်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုသို့မြွက်ဆိုတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ထွက်သွားတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ဝင်တော်မူ၏။
သင်တို့သည် သူတို့၏ဘုရားများဖြစ်သည့် ရုပ်တုဆင်းတုများကို မီးရှို့ပစ်ရမည်။ ရုပ်တုဆင်းတုရှိ ရွှေ၊ ငွေတို့ကို မတပ်မက်ရ၊ မယူရ။ ထိုအရာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူသည်ဖြစ်၍ ယူမိလျှင် သင်သည် ထိုအရာအားဖြင့် ကျော့မိလိမ့်မည်။
သင်တို့ကို အပြစ်ဖြစ်စေသည့် သင်တို့သွန်းလုပ်သောနွားသငယ်ရုပ်တုကို ငါယူ၍ မီးရှို့ပစ်ပြီး မြေမှုန့်ကဲ့သို့ ညက်ညက်ကြေသည်အထိ ကြိတ်ချေပြီးလျှင် ထိုအမှုန့်ကို တောင်ထဲမှစီးထွက်လာသည့်ချောင်းထဲသို့ ပစ်ချလိုက်၏။
ဤသို့ အစ္စရေးအမျိုးသားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ထားကာ ဗာလဘုရား၊ အာရှရနတ်ဘုရားမတို့ကို ဝတ်ပြုလျက် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြသောကြောင့်