ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော အာဇရိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
၄ ရာ 23:30 - မြန်မာ့စံမီသမ္မာကျမ်း ယောရှိမင်းကြီး၏အမှုထမ်းတို့သည် သူ့အလောင်းကို မေဂိဒ္ဒေါအရပ်မှ ဂျေရုဆလင်မြို့သို့ ရထားဖြင့်သယ်သွားပြီး သူ့သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက် ပြည်သူပြည်သားတို့သည် ယောရှိမင်းကြီး၏သားတော် ယောခတ်ကို ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။ Common Language Bible သူ၏အရာရှိများသည်မင်းကြီး၏အလောင်းကို စစ်ရထားပေါ်တွင်တင်၍ ယေရုရှလင်မြို့သို့ ယူဆောင်ပြီးလျှင်ဘုရင်တို့၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူတို့သည်ယောရှိ၏ သားတော်ယောခတ်ကိုရွေးချယ်ကာဘိသိက် ပေး၍မင်းမြှောက်ကြလေသည်။ Garrad Bible ကျ ဆုံး သည့် ကာ လ၊ အ လောင်း တော် ကို မေ ဂိ ဒ္ဒေါ မြို့ မှ ယေ ရု ရှ လင် မြို့ သို့၊ ကျေး ကျွန် တို့ တင် ဆောင် သယ် ပိုး ၍ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ပြီး နောက် ပြည် သူ ပြည် သား တို့ သည် သား တော် ယော ခတ် ကို ခေါ် လျက် အ ရိုက် အ ရာ၌ ရာ ဇ ဘိ သိက် သွန်း ၍ မင်း မြှောက် ကြ ကုန် ၏။ Judson Bible ကျွန်တို့သည် ရထားတော်ပေါ်မှာတင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ ဘိသိက်ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။ |
ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော အာဇရိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
ထိုအခါ ပြည်သူပြည်သားတို့သည်အာမုန်မင်းကြီးအား လုပ်ကြံခဲ့သူအားလုံးကို ပြန်သတ်ပြီး ထိုပြည်သူပြည်သားတို့ကပင် မင်းကြီး၏သားတော်ယောရှိအား ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
ထို့ကြောင့် သင့်ဘိုးဘေးများရှိရာသို့ သင့်ကို ငါစုစည်းမည်။ သင်သည် သင့်သင်္ချိုင်းတွင် ငြိမ်ဝပ်စွာစုစည်းခြင်းခံရလိမ့်မည်။ ဤမြို့သို့ ငါကျရောက်စေမည့်ဘေးအန္တရာယ်တို့ကို သင်မြင်ရမည်မဟုတ်’ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းပြောကြားလော့”ဟု ဆို၏။ သူတို့သည်လည်း ပြန်သွား၍ ဤစကားတို့ကို ရှင်ဘုရင်ထံ လျှောက်တင်ကြ၏။
သူ၏အမှုထမ်းတို့သည် သူ့ကို ဂျေရုဆလင်မြို့သို့ ရထားဖြင့်သယ်ဆောင်သွားပြီး ဒါဝိဒ်မြို့ရှိသူ့သင်္ချိုင်းတွင် ဘိုးဘေးတို့နှင့်အတူ သူ့ကိုသင်္ဂြိုဟ်ကြ၏။
ဤသို့ ယောရှိမင်းကြီး အိမ်တော်ကိုပြင်ဆင်ပြီးသည့်နောက်တွင် အီဂျစ်ဘုရင်နေခေါမင်းကြီးသည် ယူဖရေးတီးမြစ်နားရှိ ကာခေမိတ်မြို့ကို ချီတက်တိုက်ခိုက်ရာ ယောရှိမင်းကြီးသည် သူနှင့်ရင်ဆိုင်ရန် စစ်ချီထွက်ခဲ့၏။
ထို့ကြောင့် ရဲမက်တို့သည် သူ့ကို စစ်ရထားပေါ်မှချ၍ အခြားစစ်ရထားတစ်ခုပေါ်သို့တင်ကာ ဂျေရုဆလင်မြို့သို့ ပြန်ခေါ်ဆောင်လာ၏။ မင်းကြီးအနိစ္စရောက်၍ ဘိုးဘေးတို့၏သင်္ချိုင်းတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် ယောရှိမင်းကြီးအတွက် ငိုကြွေးမြည်တမ်းကြလေ၏။
သေသောသူအတွက် မငိုကြွေးနှင့်၊ ဝမ်းမနည်းနှင့်။ သို့သော် အဝေးသို့ထွက်သွားသောသူအတွက် ဝမ်းနည်းပက်လက်ငိုကြွေးလော့။ သူသည် နောက်တစ်ဖန် ပြန်လာရတော့မည်မဟုတ်။ သူ၏မွေးရပ်မြေကို ပြန်မြင်ရတော့မည်မဟုတ်။
ခမည်းတော်ယောရှိမင်းကြီး၏အရိုက်အရာကို ဆက်ခံသော ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ရှလ္လုံမင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “သူသည် ဤပြည်မှထွက်သွား၍ နောက်တစ်ဖန် ပြန်လာရတော့မည်မဟုတ်။