ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
၄ ရာ 23:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောရှိမင်းကြီးသည် ဝန်းကျင်ကိုလှည့်ကြည့်လိုက်သောအခါ တောင်ပေါ်တွင် သင်္ချိုင်းဂူများကို တွေ့သဖြင့် လူလွှတ်၍ သင်္ချိုင်းဂူအတွင်းရှိ အရိုးတို့ကိုယူစေပြီး ယဇ်ပလ္လင်ပေါ်တွင် မီးရှို့၍ ယဇ်ပလ္လင်ကို ညစ်ညူးစေ၏။ ဤသို့ဖြင့် ဘုရားသခင်၏လူ ကြိုတင်ဟောပြောခဲ့သည့်ထာဝရဘုရား၏စကားတော်များအတိုင်း ဤအရာတို့ ဖြစ်လာလေ၏။ Common Language Bible ထိုနောက်သူသည်လှည့်လည်၍ကြည့်သောအခါ တောင်ပေါ်တွင်သင်္ချိုင်းအချို့ကိုတွေ့မြင်သဖြင့် ထိုသင်္ချိုင်းများမှလူရိုးတို့ကိုထုတ်ယူကာ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့စေ၏။ ဤနည်းအားဖြင့် မင်းကြီးသည် ထိုယဇ်ပလ္လင်ကိုညစ်ညမ်းစေတော် မူသတည်း။ ဤသို့ဖြစ်ပျက်ရခြင်းမှာလွန် လေပြီးသောအခါက ယေရောဗောင်မင်းသည် မိမိကျင်းပသည့်ဘာသာရေးပွဲတော်အခါ ၌ယဇ်ပလ္လင်အနီးတွင်ရပ်လျက်နေစဉ် ပရော ဖက်တစ်ပါးဟောကြားခဲ့သည့်ဗျာဒိတ်တော် အတိုင်းပင်ဖြစ်ပေသည်။ ယောရှိမင်းသည် လှည့်လည်၍ ကြည့်ပြန်ရာယင်းသို့ဟောကြား ခဲ့သည့်ပရောဖက်၏သင်္ချိုင်းကိုတွေ့မြင် လျှင်၊- Garrad Bible ယော ရှိ မင်း သည် လှည့် လည် ကြည့် ရှု၍ တောင် ပေါ် ရှိ သင်္ချိုင်း များ ကို မြင် ရာ သင်္ချိုင်း ရှိ အ ရိုး များ ကို ယူ စေ လျက် ယ ခု ဖြစ် ဆဲ အ ခြင်း အ ရာ များ ကို ဟော ခဲ့ သူ၊ ဘု ရား သ ခင့် လူ ယုံ တော် ဆင့် ဆို သော ဗျာ ဒိတ် တော် အ တိုင်း မ သန့် ရာ ဖြစ် စေ ရန် ထို ပ လ္လင် ပေါ် တွင် မီး တိုက် လေ၏။ Judson Bible ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ၊ လူကိုစေလွှတ်၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီးလျှင်၊ ထိုအမှုကို အထက်ကဖော်ပြသော ဘုရားသခင်၏လူဆင့်ဆိုသော ထာဝရဘုရား၏စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ညစ်ညူးစေတော်မူ၏။ |
ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
အထွတ်အမြတ်ထားရာကျောက်တိုင်များကို ချိုးပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ပြီး ထိုနေရာကို လူသေအရိုးများနှင့် အုပ်ထားလိုက်လေ၏။
သင်တို့၏ရုပ်တုများရှေ့တွင် အစ္စရေးအမျိုးသားတို့၏အလောင်းကို ပစ်ထားမည်။ ယဇ်ပလ္လင်ဝန်းကျင်တွင် အရိုးများကို ကြဲဖြန့်ထားမည်။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရရှိသောသူတို့အား ‘ဘုရားများ’ဟု ခေါ်လျှင် ကျမ်းစာသည် မပျက်ပြယ်နိုင်သည်ဖြစ်၍