အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
၄ ရာ 21:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုစလုံးအတွင်းတွင် ရှိသမျှကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်များကို တည်၏။ Common Language Bible ဗိမာန်တော်တံတိုင်းနှစ်ခုအတွင်း၌လည်းကြယ် နက္ခတ်များကိုပူဇော်ရန် ယဇ်ပလ္လင်များကိုဆောက် လုပ်၏။- Garrad Bible တံ တိုင်း တော် နှစ် ထပ် တွင် လည်း က မ္ဘာ့ တန် ဆာ ရှိ သ မျှ အား ပူ ဇော် ရန် ပ လ္လင် များ ကို တည် လုပ် လေ ၏။ Judson Bible ဗိမာန်တော်တံတိုင်းနှစ်ရပ်တွင် မိုးကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်တို့ကို တည်၏။ |
အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
ဆစ်ထားသောကျောက် သုံးဆင့်၊ သစ်ကတိုးသားရက်မ တစ်ဆင့်တို့ဖြင့် ထာဝရဘုရား၏အတွင်းအိမ်တော်ဝင်းနှင့် အိမ်တော်ဆင်ဝင်နည်းတူ ဝင်းတံတိုင်းကြီးကို ဆောက်လုပ်ထား၏။
ရှင်ဘုရင်သည် ယုဒဘုရင်တို့ တည်ထားခဲ့သည့် အာခတ်မင်းကြီး၏လေသာနန်းဆောင်ခေါင်မိုးပြင်ရှိ ယဇ်ပလ္လင်များ၊ ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုအတွင်းရှိ မနာရှေမင်းကြီးတည်ထားခဲ့သောယဇ်ပလ္လင်များကို ရှိသည့်နေရာမှ ဖြိုချအမှုန့်ချေပစ်ပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ကြဲချလိုက်လေ၏။
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်မင်းဟိလခိ၊ လက်ထောက်ယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များအား ဗာလဘုရား၊ အာရှရနတ်ဘုရားမနှင့် ကောင်းကင်တန်ဆာများအဖို့ပြုလုပ်ထားသောအသုံးအဆောင်များအားလုံးကို ထာဝရဘုရား၏ဗိမာန်တော်မှ ထုတ်ဆောင်လာရန် အမိန့်ပေး၏။ ရှင်ဘုရင်သည် ထိုအရာတို့ကို ဂျေရုဆလင်မြို့ပြင် ကေဒြုန်လွင်ပြင်တွင်မီးရှို့ပြီး ပြာများကို ဗေသလမြို့သို့ ယူဆောင်သွား၏။
ဂျေရုဆလင်မြို့နှင့်ယုဒမြို့ဝန်းကျင်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့တွင် နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် ယုဒဘုရင်များခန့်ထားသော ယဇ်ပုရောဟိတ်တို့ကို ဖယ်ရှားပစ်၏။ ထို့ပြင် ဗာလဘုရား၊ နေဘုရား၊ လဘုရား၊ ကြယ်နက္ခတ်ဘုရား၊ ကောင်းကင်တန်ဆာအပေါင်းတို့အား နံ့သာပေါင်းမီးရှို့ပူဇော်သူများကိုလည်း ဖယ်ရှားပစ်၏။
အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း ထာဝရဘုရား၏အိမ်တော်ထဲမှ ဂျေရုဆလင်မြို့ပြင် ကေဒြုန်ချိုင့်ဝှမ်းသို့ ထုတ်လာ၏။ ထိုတံခွန်တိုင်ကို ကေဒြုန်ချိုင့်ဝှမ်း၌ မီးရှို့အမှုန့်ချေပစ်ပြီး ပြာများကို ပြည်သူပြည်သားတို့၏သင်္ချိုင်းပေါ်သို့ ကြဲချလေ၏။
တိုင်းတစ်ပါးဘုရားများနှင့် ရုပ်တုများကို ထာဝရဘုရား၏အိမ်တော်မှဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်တည်ရာတောင်ကုန်းပေါ်နှင့် ဂျေရုဆလင်မြို့ထဲရှိ သူတည်ဆောက်ခဲ့သောယဇ်ပလ္လင်ရှိသမျှတို့ကိုလည်း ဖယ်ရှား၍ မြို့ပြင်သို့ လွှင့်ပစ်ခဲ့၏။
ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုစလုံးအတွင်းတွင် ရှိသမျှကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်များကို တည်၏။
ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။
တောင်မုခ်ဆောင်ကိုဖြတ်၍ အတွင်းဝင်းသို့ ငါ့ကိုခေါ်ဆောင်သွားပြီး အတွင်းဝင်းရှိ တောင်မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတိုင်းအတာ အတူတူဖြစ်၏။
ထို့နောက် ငါ့ကို အတွင်းဝင်း၏အရှေ့ဘက်သို့ ခေါ်ဆောင်သွားပြီး မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်များနှင့် အတိုင်းအတာ အတူတူပင်ဖြစ်၏။
ထိုမုခ်ဆောင်၏ဆင်ဝင်သည် အပြင်ဝင်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။ တစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
ထို့နောက် သူသည် စတုရန်းပုံဝင်းကိုတိုင်းရာ အလျားအတောင်တစ်ရာ၊ အနံအတောင်တစ်ရာရှိ၏။ အိမ်တော်ရှေ့တွင် ယဇ်ပလ္လင်ရှိ၏။
အတွင်းဝင်းရှိ အတောင်နှစ်ဆယ်ကျယ်သောမြေကွက်လပ်နားရှိ သုံးထပ်ဆောင်နှင့် အပြင်ဝင်းရှိ ကျောက်ခင်းစင်္ကြံနှင့်မျက်နှာချင်းဆိုင် သုံးထပ်ဆောင်တို့၏လျှောက်လမ်းတို့သည် မျက်နှာချင်းဆိုင်လျက်ရှိ၏။
ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍ အတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ ကြည့်ရှုလော့။ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်လျက်နေ၏။
လူအများရှိရာအပြင်ဝင်းသို့ ထွက်သွားသောအခါ အမှုတော်ထမ်းဆောင်စဉ် ဝတ်ခဲ့သောအဝတ်များကိုချွတ်၍ သန့်ရှင်းသောအခန်းထဲတွင် ထားခဲ့ရမည်။ သူတို့၏အဝတ်အားဖြင့် လူတို့ထံ သန့်ရှင်းခြင်းမကူးရအောင် အခြားအဝတ်ကို ဝတ်ရမည်။
တစ်ဖန် ငါ့ကို ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းသို့ ဆောင်သွားရာ လူနှစ်ဆယ့်ငါးယောက်ခန့်သည် ဆင်ဝင်နှင့် ယဇ်ပလ္လင်ကြားရှိ ထာဝရဘုရား၏ဗိမာန်တော်တံခါးဝတွင် ထာဝရဘုရား၏ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်သို့မျက်နှာမူ၍ အရှေ့အရပ်ရှိနေမင်းအား ရှိခိုးကိုးကွယ်ကြသည်ကို တွေ့ရ၏။