ဘုရားသခင်၏လူကို ထာဝရဘုရားမိန့်တော်မူခဲ့သည့် နိမိတ်လက္ခဏာအတိုင်း ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်မှပြာများ ဖိတ်ကျလာလေ၏။
၄ ရာ 21:26 - မြန်မာ့စံမီသမ္မာကျမ်း အာမုန်မင်းကြီးအား ဩဇဥယျာဉ်ရှိ သူ၏သင်္ချိုင်းတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောရှိသည် သူ့အရိုက်အရာကို ဆက်ခံ၏။ Common Language Bible အာမုန်အားသြဇဥယျာဉ်ရှိသင်္ချိုင်းတွင် သင်္ဂြိုဟ် လိုက်ကြ၏။ ထိုနောက်သူ၏သားတော်ယောရှိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။ Garrad Bible သြ ဇ ခေါ် ဥ ယျာဉ် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ယော ရှိ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ခြင်းကိုခံ၍၊ သားတော်ယောရှိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
ဘုရားသခင်၏လူကို ထာဝရဘုရားမိန့်တော်မူခဲ့သည့် နိမိတ်လက္ခဏာအတိုင်း ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်မှပြာများ ဖိတ်ကျလာလေ၏။
မနာရှေမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ ဩဇဥယျာဉ်ဟုခေါ်သော နန်းတော်ဥယျာဉ်တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမုန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ကျန်ရှိနေသော အာမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယောရှိနန်းတက်သောအခါ သက်တော်ရှစ်နှစ်သာရှိသေး၏။ ဂျေရုဆလင်မြို့တွင်သုံးဆယ့်တစ်နှစ် စိုးစံ၏။ မယ်တော်ကား ဗောဇကတ်မြို့သားအဒါယ၏သမီး ယေဒိဒအမည်ရှိ၏။
အာမုန်၏သား၊ ယုဒဘုရင်ယောရှိမင်းကြီးလက်ထက်၌ ဟေဇကိ၏တီ၊ အာမရိ၏မြစ်၊ ဂေဒလိ၏မြေး၊ ကုရှိ၏သားဇေဖနိထံသို့ ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့တည်း။
ဟေဇကိသည် သားမနာရှေကိုရ၏။ မနာရှေသည် သားအာမုန်ကိုရ၏။ အာမုန်သည် သားယောရှိကိုရ၏။