အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။
၄ ရာ 20:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဟေဇကိမင်းကြီးက ဟေရှာယအား “ထာဝရဘုရားက ငါ့ကိုပြန်ကျန်းမာစေပြီး သုံးရက်မြောက်လျှင် ထာဝရဘုရား၏အိမ်တော်သို့ ငါတက်သွားနိုင်မည့်နိမိတ်လက္ခဏာမှာ အဘယ်နည်း”ဟု မေးလေ၏။ Common Language Bible မင်းကြီးက``ထာဝရဘုရားသည်ငါ၏အနာ ကိုပျောက်ကင်းစေသဖြင့် ငါသည်သုံးရက်ကြာ သော်ဗိမာန်တော်သို့သွားနိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ်သက်သေလက္ခဏာအားဖြင့်သိရှိနိုင် ပါမည်နည်း'' ဟုမေးတော်မူ၏။- Garrad Bible ဟေ ဇ ကိ မင်း က လည်း ထာ ဝ ရ ဘု ရား ချမ်း သာ ပေး တော် မူ၍ တ တိ ယ နေ့၌ ဗိ မာန် တော် သို့ တက် ဖူး ခွင့် သက် သေ လ က္ခ ဏာ ကား အ သို့ နည်း ဟု မေး ခဲ့ သည် ဖြစ်၍ Judson Bible ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကိုပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာသက်သေရှိသနည်းဟု မေးလျှင်၊ |
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။
သင့်အတွက် နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ ယခုနှစ်တွင် အလေ့ကျပေါက်သောသီးနှံများကို စားရမည်။ ဒုတိယနှစ်တွင် ထိုသီးနှံတို့မှပြန်ပေါက်သောသီးနှံများကို စားရမည်။ တတိယနှစ်တွင်မူ မျိုးကြဲကြလော့၊ ရိတ်သိမ်းကြလော့၊ စပျစ်ပင်ကိုစိုက်ကြလော့၊ စပျစ်သီးကိုစားကြလော့။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
ထို့နောက် ဟေရှာယက “သဖန်းပျဉ်ယူခဲ့ပါ”ဟုဆိုသဖြင့် လူတို့က သဖန်းပျဉ်ကိုယူလာ၍ မင်းကြီး၏အနာစိမ်းပေါ် အုံပေးလျှင် အနာသက်သာပျောက်ကင်းသွား၏။
ထိုအခါ ဟေရှာယက “ကတိထားတော်မူသည့်အတိုင်း ထာဝရဘုရား ပြုတော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားထံတော်မှ သင့်အတွက်နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ သင်သည် လှေကားထစ်မှ အချိန်တိုင်းအရိပ်ကို ရှေ့သို့ အထစ်တစ်ဆယ်တိုးစေလိုသလော၊ သို့မဟုတ် အနောက်သို့ အထစ်တစ်ဆယ်ဆုတ်သွားစေလိုသလော”ဟု မေးလျှင်
ဟေရှာယကလည်း “သဖန်းပျဉ်ကိုယူ၍ အနာစိမ်းကိုအုံပေးကြပါ။ မင်းကြီး ပြန်ကောင်းလာလိမ့်မည်”ဟု ဆို၏။
ဟေဇကိမင်းကြီးကလည်း “ထာဝရဘုရား၏အိမ်တော်သို့ အကျွန်ုပ်တက်သွားရမည့် နိမိတ်လက္ခဏာကား အဘယ်နည်း”ဟု မေးလေ၏။
“သင်၏ဘုရားသခင်ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့။ နက်သောမရဏာနိုင်ငံမှဖြစ်စေ၊ မြင့်သောအထက်အရပ်မှဖြစ်စေ တောင်းလော့”ဟု မိန့်တော်မူ၏။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
နှစ်ရက်လွန်ပြီးနောက် ငါတို့ကို ပြန်လည်ရှင်သန်စေတော်မူမည်။ သုံးရက်မြောက်သောနေ့တွင် ငါတို့ကို ပြန်လည်ထမြောက်စေတော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော့်ရှေ့တော်တွင် အသက်ရှင်ခွင့်ရကြလိမ့်မည်။
“လူနှစ်ဦးတို့သည် ဆုတောင်းရန် ဗိမာန်တော်သို့တက်သွားကြ၏။ တစ်ဦးသည် ဖာရိရှဲဖြစ်ပြီး အခြားတစ်ဦးသည် အခွန်ကောက်ခံသူဖြစ်၏။
သင်တို့သိနိုင်သည့် အမှတ်လက္ခဏာဟူမူကား အနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌ သိပ်ထားသောကလေးငယ်ကို သင်တို့တွေ့ကြလိမ့်မည်”ဟု သူတို့အား မြွက်ဆိုလေ၏။
သူကလည်း “အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်နှင့်စကားပြောတော်မူသောသူသည် ကိုယ်တော်ဖြစ်ကြောင်း အမှတ်လက္ခဏာပြတော်မူပါ။