ငါသည် သင့်အား တစ်ဆယ့်ငါးနှစ် ထပ်၍အသက်ရှင်စေမည်။ သင်နှင့် ဤမြို့ကို အဆီးရီးယားဘုရင်လက်မှ ကယ်နုတ်မည်။ ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီးအတွက် ဤမြို့ကို ငါကာကွယ်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုစေ၏။
၄ ရာ 20:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဟေရှာယက “သဖန်းပျဉ်ယူခဲ့ပါ”ဟုဆိုသဖြင့် လူတို့က သဖန်းပျဉ်ကိုယူလာ၍ မင်းကြီး၏အနာစိမ်းပေါ် အုံပေးလျှင် အနာသက်သာပျောက်ကင်းသွား၏။ Common Language Bible ဟေရှာယသည်မင်းကြီး၏အစေခံတို့ အား``အရှင်၏အနာစိမ်းကိုသင်္ဘောသဖန်း သီးဖြင့်အုံ၍ထားပါ။ ထိုအနာသည်သက် သာပျောက်ကင်းသွားပါလိမ့်မည်'' ဟုပြော၏။- Garrad Bible ဟေ ရှာ ယ က၊ သ ဖန်း ပြဉ် ကို ယူ ခဲ့ လော့ ဟု မိန့် ဆို သည် နှင့် အ ညီ ယူ၍ အ နာ စိမ်း ပေါ် တွင် အုပ် ထား ရာ၊ ကင်း ပျောက် လေ၏။ Judson Bible ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီး အလုံးအထွေးကိုယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့၍ အနာကိုအုံပြီးမှ မင်းကြီးသက်သာလေ၏။ |
ငါသည် သင့်အား တစ်ဆယ့်ငါးနှစ် ထပ်၍အသက်ရှင်စေမည်။ သင်နှင့် ဤမြို့ကို အဆီးရီးယားဘုရင်လက်မှ ကယ်နုတ်မည်။ ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီးအတွက် ဤမြို့ကို ငါကာကွယ်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုစေ၏။
ထိုအခါ ဟေဇကိမင်းကြီးက ဟေရှာယအား “ထာဝရဘုရားက ငါ့ကိုပြန်ကျန်းမာစေပြီး သုံးရက်မြောက်လျှင် ထာဝရဘုရား၏အိမ်တော်သို့ ငါတက်သွားနိုင်မည့်နိမိတ်လက္ခဏာမှာ အဘယ်နည်း”ဟု မေးလေ၏။
ထိုအခါ ဧလိရှဲက “မုန့်ညက်အနည်းငယ် ယူခဲ့ပါ”ဟုဆိုပြီး အိုးထဲသို့ထည့်လိုက်၏။ ထို့နောက် “လူတို့စားဖို့ ခပ်ထည့်ပေးလော့”ဟု ဆိုလျှင် အိုးထဲမှဟင်းသည် ဘေးမဖြစ်စေတော့ချေ။
ဟေရှာယကလည်း “သဖန်းပျဉ်ကိုယူ၍ အနာစိမ်းကိုအုံပေးကြပါ။ မင်းကြီး ပြန်ကောင်းလာလိမ့်မည်”ဟု ဆို၏။