ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၄ ရာ 20:20 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ Common Language Bible ဟေဇကိမင်း၏လက်ရုံးရည်၊ ရေလှောင်ကန် ဆောက်လုပ်ခြင်း၊ မြို့တွင်းသို့ရေသွင်းပြွန်သွယ် ခြင်းအပါအဝင် သူလုပ်ဆောင်ခဲ့သည့်အခြား အမှုအရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။- Garrad Bible ဟေ ဇ ကိ မင်း စီ ရင် သ မျှ အ ကြွင်း အ ကျန်၊ လက် ရုံး ရည် နှင့် ကန် တော် ဆည် လျက် ပြွန် တော် သွယ် လျက် မြို့ တွင်း သို့ ရေ သွင်း ခြင်း များ ပါ ယု ဒ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။ Judson Bible ဟေဇကိပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကိုလုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။ |
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှတို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာသမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ သူပြုခဲ့သမျှသောအရာများ၊ တည်ဆောက်ခဲ့သောမြို့များအကြောင်း စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ သူသည် အိုမင်းချိန်ရောက်သောအခါ ခြေထောက်တွင် အနာဖြစ်၏။
ကျန်ရှိနေသောအဘိယံမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ အဘိယံမင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည်လည်း အချင်းချင်းစစ်တိုက်ကြ၏။
ကျန်ရှိနေသော ပေကဟိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာဇရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာခတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး
ကျန်ရှိနေသော ယောရှိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယောရံမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထိုကာလတွင် ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်း ဖြစ်၍ ထာဝရဘုရားထံ ဆုတောင်းသောအခါ ကိုယ်တော်သည် သူ့ကို အဖြေပေးတော်မူ၏။ အံ့ဖွယ်နိမိတ်လက္ခဏာကိုလည်း ပြပေးတော်မူ၏။
မြို့ပြင်ရှိစမ်းရေတွင်းများကို ပိတ်ပစ်ရန် မိမိ၏မှူးမတ်များ၊ စစ်သူရဲများနှင့်တိုင်ပင်ရာ သူတို့သည်လည်း ဟေဇကိမင်းကြီးကို ကူညီကြ၏။
ထို့ပြင် ဟေဇကိမင်းကြီးသည် ဂိဟုန်ချောင်းအထက်ရေစီးကြောင်းကို ပိတ်ပြီး ဒါဝိဒ်မြို့၏အနောက်ဘက်သို့ မြောင်းသွယ်၍စီးဆင်းစေ၏။ ဟေဇကိမင်းကြီးသည် ပြုလေသမျှတို့၌ အောင်မြင်၏။
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သောကောင်းမှုများကို ယုဒဘုရင်နှင့်အစ္စရေးဘုရင်တို့၏ရာဇဝင်ကျမ်းတွင် ပါဝင်သော အာမုတ်၏သားပရောဖက်ဟေရှာယ၏ဗျာဒိတ်နိမိတ်ကျမ်းတွင် ရေးမှတ်ထား၏။
လူအုပ်ကြီးသည်လည်း စုရုံးလာကြပြီး “အဆီးရီးယားဘုရင် ချီလာလျှင် အဘယ်ကြောင့် ရေအလုံအလောက်ရစေရမည်နည်း”ဟု ဆိုလျက် စမ်းရေတွင်းရှိသမျှနှင့် ပြည်ထဲတွင်စီးဆင်းနေသောစမ်းချောင်းများကို ပိတ်ဆို့ကြလေ၏။
ထို့နောက် စမ်းရေတွင်းတံခါးနှင့် ဘုရင့်ရေကန်ဘက်သို့ သွားရာ ငါစီးလာသောမြင်းသွားဖို့ရာ လမ်းမရှိ။
သူ၏ဘေးတွင် အာဇဗုတ်၏သား ဗက်ဇုရနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူနေဟမိသည် ဒါဝိဒ်၏သင်္ချိုင်းနှင့်မျက်နှာချင်းဆိုင်မှစ၍ တူးထားသောရေကန်အထိ၊ ထိုမှ စစ်သူရဲနေအိမ်အထိ ပြုပြင်၏။