၂ ရာချုပ် 32:30 - မြန်မာ့စံမီသမ္မာကျမ်း30 ထို့ပြင် ဟေဇကိမင်းကြီးသည် ဂိဟုန်ချောင်းအထက်ရေစီးကြောင်းကို ပိတ်ပြီး ဒါဝိဒ်မြို့၏အနောက်ဘက်သို့ မြောင်းသွယ်၍စီးဆင်းစေ၏။ ဟေဇကိမင်းကြီးသည် ပြုလေသမျှတို့၌ အောင်မြင်၏။ အခန်းကိုကြည့်ပါ။Common Language Bible30 ဂိဟုန်စမ်းမှရေစီးကြောင်းကိုပိတ်ဆို့လိုက် ပြီးလျှင်ဥမင်လိုဏ်ခေါင်းတူး၍ ယေရုရှလင် မြို့တံတိုင်းအတွင်းသို့ရေကိုသွယ်သူမှာ ဟေဇကိပင်ဖြစ်၏။ ဟေဇကိသည်ပြုလေ သမျှသောအမှုတို့တွင်အောင်မြင်တော်မူ သည်။- အခန်းကိုကြည့်ပါ။Garrad Bible30 ဟေ ဇ ကိ မင်း သည်၊ ဂိ ဟုန် အ ထက် စမ်း ရေ ကို ပိတ် သွင်း လျက်၊ အ နောက် ဘက် ရှိ ဒါ ဝိဒ် မြို့ တော် သို့ တည့် တည့် စီး ဝင် စေ၏။ ဟေ ဇ ကိ မင်း သည် ကြံ တိုင်း ထ မြောက် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible30 ထိုမှတစ်ပါး၊ ဟေဇကိသည် ဂိဟုန်အထက်ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိသည် ပြုလေရာရာ၌ အကြံထမြောက်၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် မနာရှေမင်းကြီးသည် ဒါဝိဒ်မြို့အပြင်ဘက်တွင် မြို့ရိုးကိုမြင့်မားစွာတည်ဆောက်ထား၏။ ထိုမြို့ရိုးသည် ချိုင့်ဝှမ်းရှိဂိဟုန်ချောင်းအနောက်ဘက်မှ ငါးတံခါးဝအထိရောက်၍ ထိုမှ ဩဖေလအရပ်ဘက်သို့ကွေ့သွား၏။ ယုဒပြည်ရှိခိုင်ခံ့သောမြို့ရှိသမျှတို့၌ စစ်သူကြီးများကို ခန့်ထား၏။