သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
၄ ရာ 20:12 - မြန်မာ့စံမီသမ္မာကျမ်း ဟေဇကိမင်းကြီး နာမကျန်းဖြစ်သည်ကို ဗာလဒန်၏သား ဘေဘီလုံဘုရင်မေရောဒဗာလဒန်မင်းကြီးကြားသိသောအခါ ဟေဇကိမင်းကြီးထံသို့ စာလွှာနှင့်လက်ဆောင်များကို ပေးပို့ဆက်သလာ၏။ Common Language Bible ထိုအချိန်ကာလ၌ဗာလဒန်မင်း၏သားတော် ဗာဗုလုန်ဘုရင်မေရောဒဗာလဒန်သည် ဟေ ဇကိမင်းဖျားနာလျက်ရှိကြောင်းကြားသိရ သဖြင့် သဝဏ်လွှာတစ်စောင်နှင့်လက်ဆောင်ပေး ပို့ရာ၊- Garrad Bible ထို ကာ လ ဗာ လ ဒန် မင်း သား တော် ဗာ ဗု လုန် ဘု ရင် ဗေ ရော ဒ ဗာ လ ဒန် မင်း သည် ဟေ ဇ ကိ မင်း ကျန်း ခန့် တော် မ မူ ကြောင်း ကြား သ ဖြင့် အ မှာ တော် စာ နှင့် လက် ဆောင် တော် များ ကို ပို့ လိုက် ရာ Judson Bible ထိုကာလအခါ ဗာလဒန်သားဗာဗုလုန်မင်းကြီး မေရောဒဗာလဒန်သည်၊ ဟေဇကိမင်းနာ၍ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ၏။ |
သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
ထာဝရဘုရားသည် ထိုနေရာတွင် မြေကြီးသားအပေါင်းတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူ၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဘေဘီလုံ ဟုခေါ်ကြ၏။ ထို့ပြင် ထာဝရဘုရားသည် သူတို့ကို ထိုအရပ်မှ မြေတစ်ပြင်လုံးသို့ ကွဲလွင့်စေတော်မူ၏။
ဒါဝိဒ်မင်းကြီးကလည်း “ဟာနုန်၏ခမည်းတော် နာဟတ်မင်းကြီးသည် ငါ့အား မေတ္တာပြခဲ့ဖူးသည့်နည်းတူ ငါသည်လည်း ယခု နာဟတ်သားဟာနုန်အား မေတ္တာကရုဏာပြရမည်”ဟု မိန့်ဆိုလျက် ဒါဝိဒ်မင်းကြီးသည် ဟာနုန်၏ခမည်းတော်အနိစ္စရောက်သည်ကို အကြောင်းပြု၍ သူ့ကိုနှစ်သိမ့်ပေးရန် မိမိအမှုထမ်းတို့ကို စေလွှတ်လိုက်၏။ ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် အမ္မုန်အမျိုးသားတို့၏ပြည်သို့ရောက်သောအခါ
သာကြောင်းမာကြောင်းနှုတ်ဆက်ရန်နှင့် ဟာဒဒေဇာမင်းကြီးကို တိုက်ခိုက်ချေမှုန်းနိုင်သောကြောင့် ဂုဏ်ပြုရန် ရွှေထည်၊ ငွေထည်၊ ကြေးထည်တို့ပါလျက် မိမိသားတော်ယောရံကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ အကြောင်းမှာ တောဣမင်းကြီးသည်လည်း ဟာဒဒေဇာမင်းကြီးနှင့် စစ်တိုက်ခဲ့ဖူး၏။
သို့သော် ဟေဇကိမင်းကြီးသည် ခံစားရသောကျေးဇူးတော်အတိုင်း မတုံ့ပြန်ဘဲ ဘဝင်မြင့်လာ၏။ ထို့ကြောင့် အမျက်တော်သည် သူ့အပေါ်သာမက ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ်သို့ ကျရောက်လေ၏။
သို့သော် တိုင်းပြည်တွင်ဖြစ်ပျက်ခဲ့သောအံ့ဖွယ်အမှုတို့ကို သိလို၍ ဘေဘီလုံမှူးမတ်တို့သည် သူ့ထံသို့ သံတမန်ကိုစေလွှတ်၍မေးမြန်းစေသောအခါ ဘုရားသခင်သည် ဟေဇကိမင်းကြီး၏စိတ်ထဲရှိသမျှကိုသိလို၍ သူ့ကိုစမ်းသပ်သည့်အနေဖြင့် လွှတ်ထားလိုက်လေ၏။
တိုင်းနိုင်ငံတို့၏ဂုဏ်သရေ၊ ခါလဒဲလူမျိုးတို့ဂုဏ်ယူဝါကြွားရာဖြစ်သော ဘေဘီလုံမြို့သည် ဘုရားသခင်ဖြိုဖျက်ခဲ့သော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ဖြစ်လိမ့်မည်။
သင်သည် ဘေဘီလုံဘုရင်အား “ညှဉ်းဆဲတတ်သောသူသည် အဆုံးသတ်လေပြီတကား။ သူ၏ဒေါသမီးသည်လည်း ချုပ်ငြိမ်းလေပြီတကား”ဟု ပြောင်လှောင်သောစကားကိုဆိုလိမ့်မည်။