ဧလိယကလည်း “သင်သည် ရဖို့ခက်ခဲသောဆုကို တောင်းဆိုပြီ။ သင့်ထံမှ ငါဆောင်ယူသွားခြင်းခံရသည်ကို သင်မြင်လျှင် သင့်အဖို့ ထိုသို့ဖြစ်လိမ့်မည်။ သို့သော် သင်မမြင်လျှင် ထိုသို့ဖြစ်မည်မဟုတ်”ဟု ဆို၏။
၄ ရာ 20:10 - မြန်မာ့စံမီသမ္မာကျမ်း ဟေဇကိမင်းကြီးက “အရိပ်သည် ရှေ့သို့အထစ်တစ်ဆယ်တိုးရန် လွယ်၏။ ထိုသို့မဟုတ်ဘဲ အရိပ်ကို အနောက်သို့ အထစ်တစ်ဆယ်ဆုတ်သွားစေပါ”ဟု တောင်းဆို၏။ Common Language Bible ဟေဇကိက``အရိပ်ကိုဆယ်ထစ်တိုးစေရန် မှာလွယ်ကူ၏။ သို့ဖြစ်၍ဆယ်ထစ်ဆုတ်ပါ လေစေ'' ဟုဆို၏။ Garrad Bible ဟေ ဇ ကိ မင်း က၊ နေ ရိပ် ဆယ် ဖ ဝါး အ တိုး မှာ အ ညံ့ ဖြစ် သော ကြောင့် ဆယ် ဖ ဝါး အ ဆုတ် ဖြစ် ပါ လေ စေ ဟု တောင်း ဆို သည့် အ တိုင်း Judson Bible ဟေဇကိက၊ အရိပ်သည် ဆယ်ချက်တိုးလွယ်၏။ ထိုသို့အလို မရှိ။ ဆယ်ချက်ဆုတ်ပါစေဟု ပြန်ပြော၏။ |
ဧလိယကလည်း “သင်သည် ရဖို့ခက်ခဲသောဆုကို တောင်းဆိုပြီ။ သင့်ထံမှ ငါဆောင်ယူသွားခြင်းခံရသည်ကို သင်မြင်လျှင် သင့်အဖို့ ထိုသို့ဖြစ်လိမ့်မည်။ သို့သော် သင်မမြင်လျှင် ထိုသို့ဖြစ်မည်မဟုတ်”ဟု ဆို၏။
ထိုအခါ ပရောဖက်ဟေရှာယက ထာဝရဘုရားထံဆုတောင်းရာ အာခတ်မင်းကြီး၏လှေကားထစ်များပေါ်မှ အချိန်တိုင်းအရိပ်ကို အနောက်သို့ အထစ်တစ်ဆယ်ပြန်ဆုတ်စေတော်မူ၏။
ထိုအခါ ဟေရှာယက “ကတိထားတော်မူသည့်အတိုင်း ထာဝရဘုရား ပြုတော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားထံတော်မှ သင့်အတွက်နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ သင်သည် လှေကားထစ်မှ အချိန်တိုင်းအရိပ်ကို ရှေ့သို့ အထစ်တစ်ဆယ်တိုးစေလိုသလော၊ သို့မဟုတ် အနောက်သို့ အထစ်တစ်ဆယ်ဆုတ်သွားစေလိုသလော”ဟု မေးလျှင်
ဤအမှုသည် ထာဝရဘုရားအဖို့ သေးငယ်သောအမှုသာဖြစ်၏။ မောဘလူမျိုးကိုလည်း သင်တို့လက်သို့ အပ်တော်မူလိမ့်မည်။
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုထက် ပို၍ကြီးမြတ်သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဖြစ်၏။
အာမောရိလူမျိုးတို့ကို အစ္စရေးအမျိုးသားတို့လက်သို့ ထာဝရဘုရားအပ်တော်မူသောနေ့၌ ယောရှုသည် ထာဝရဘုရားထံ ဆုတောင်းပြီးလျှင် အစ္စရေးအမျိုးသားတို့၏ရှေ့မှောက်တွင် “အို နေ၊ ဂိဗောင်မြို့ပေါ် တန့်နေလော့။ အို လ၊ အာယလုန်ချိုင့်ဝှမ်းပေါ် တန့်နေလော့”ဟု ဆို၏။
လူမျိုးတော်တို့သည် ရန်သူတို့ကို လက်တုံ့ပြန်ပြီးသည်အထိ နေသည် ငြိမ်ဝပ်လျက်၊ လသည် တန့်လျက် နေ၏။ ထိုအကြောင်းကို ယာရှာစာအုပ်၌ ရေးဖွဲ့ထား၏။ နေသည် တစ်နေ့လုံး မရွေ့မလျား ကောင်းကင်အလယ်၌ တန့်လျက်နေ၏။