ထာဝရဘုရားက ‘သူသည် လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ ဝင်ရမည်မဟုတ်။
၄ ရာ 19:28 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငါ့ကိုအမျက်ထွက်ပြီး စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ခွံ့မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည်။ Common Language Bible သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။ Garrad Bible ထို သို့ ထ ကြွ ခြင်း နှင့် ငါ ကြား ရ သော စော် ကား ခြင်း များ ကြောင့် သင့် ကို နှာ ကွင်း တပ်၍ ဇက် ခွံ့ လျက် လာ လမ်း ဖြင့် ပြန် စေ မည် ဟူ၍ တည်း။ Judson Bible ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုပ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။ |
ထာဝရဘုရားက ‘သူသည် လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ ဝင်ရမည်မဟုတ်။
ကြည့်ရှုလော့။ ငါသည် သူ၌အခြားသောစိတ်သဘောကိုသွင်းပေးမည်။ သူသည် သတင်းတစ်ခုကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထို့နောက် သူ့ပြည်၌ သူ့ကို ဓားဖြင့်ကျဆုံးစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
သူ၏အပေါ်ယံအရေခွံကို မည်သူခွာချွတ်နိုင်သနည်း။ ဇက်ကြိုးနှစ်ချောင်းဖြင့် သူ့ထံ မည်သူလာဝံ့သနည်း။
သူ့နှာခေါင်းထဲသို့ ကြိုးလျှိုသွင်းနိုင်သလော။ သူ့မေးရိုးကို သံချိတ်နှင့် ဖောက်နိုင်သလော။
အသိဉာဏ်မရှိသောမြင်း၊ သို့မဟုတ် လားကဲ့သို့မဖြစ်နှင့်။ ၎င်းတို့ကို ဇက်သွားနှင့်ဇက်ကြိုးတန်ဆာဖြင့် ထိန်းရ၏။ သို့မဟုတ်လျှင် သင့်ထံသို့လာလိမ့်မည်မဟုတ်။
လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
ကိုယ်တော်သည် သမုဒ္ဒရာတို့၏မြည်ဟည်းသံ၊ ၎င်းတို့ထဲမှလှိုင်းတံပိုးများ၏မြည်ဟည်းသံနှင့် တိုင်းသူပြည်သားတို့၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းတို့ကို ငြိမ်သက်စေတော်မူ၏။
အို ထာဝရဘုရား၊ အမျက်တော်နှင့်ထတော်မူပါ။ အကျွန်ုပ်ရန်သူတို့၏ဒေါသကိုဆန့်ကျင်လျက် ရပ်တော်မူပါ။ အကျွန်ုပ်အတွက် နိုးကြွတော်မူပါ။ ကိုယ်တော်သည် တရားစီရင်ခြင်းကိုစီမံတော်မူပြီ။
ကိုယ်တော့်ရန်သူတို့၏အသံတည်းဟူသော ကိုယ်တော်တစ်ဖက်၌ထကြွသောသူတို့ထံမှ အစဉ်မပြတ်ထွက်ပေါ်လာသည့် အုတ်အုတ်ကျက်ကျက်အသံကို မေ့လျော့တော်မမူပါနှင့်။
ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ တွေ့ဆုံစည်းဝေးရာနေရာတွင် အော်ဟစ်ကြပါ၏။ သူတို့၏အောင်လံများကို အမှတ်လက္ခဏာအဖြစ်စိုက်ထူကြပါပြီ။
အကြောင်းမူကား ကိုယ်တော်၏ရန်သူတို့သည် ဆူပူသောင်းကျန်းကြပြီး ကိုယ်တော်ကိုမုန်းသောသူတို့သည် ခေါင်းထောင်လာကြပါ၏။
ကိုယ်တော်၏ထွက်သက်လေသည် လည်ပင်းအထိရောက်သည့် တစ်ဟုန်ထိုးစီးဆင်းသောမြစ်ရေကဲ့သို့ဖြစ်၏။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးခြင်းဆန်ခါဖြင့် စစ်ချမည်။ လမ်းလွဲစေသောဇက်ကြိုးကို လူတို့၏မေးရိုး၌ တပ်ထားမည်။
သူ့ကိုကြိုးကွင်းစွပ်လျက် လှောင်အိမ်ထဲထည့်ကာ ဘေဘီလုံဘုရင်ထံသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထား၏။ ထို့ကြောင့် အစ္စရေးတောင်များပေါ်တွင် သူ၏ဟိန်းဟောက်သံကို မကြားရတော့ပေ။
ငါသည် သင့်မေးရိုးကို ချိတ်များနှင့်ချိတ်မည်။ မြစ်ချောင်းထဲရှိငါးများကို သင့်အကြေးခွံ၌ ကပ်နေစေမည်။ သင့်ကို မြစ်ချောင်းထဲမှ ဆွဲထုတ်သောအခါ မြစ်ချောင်းထဲရှိငါးအားလုံး သင့်အကြေးခွံ၌ ကပ်ပါလာလိမ့်မည်။
သင့်နှုတ်ဖြင့် ငါ့အား ဆန့်ကျင်ပုတ်ခတ်သောစကား၊ မောက်မောက်မာမာပြောဆိုခဲ့သောစကားအလုံးစုံကို ငါကြား၏’ဟု မိန့်တော်မူ၏။
သင့်မေးရိုးကို ချိတ်နှင့်ချိတ်ပြီး ပြန်လှည့်လာစေမည်။ သင်နှင့်အတူ စစ်လက်နက်အပြည့်အစုံဝတ်ဆင်ထားသော သင်၏စစ်သည်အားလုံး၊ မြင်း၊ မြင်းစီးသူရဲတို့အပါအဝင် ဒိုင်းလွှားကြီးဒိုင်းလွှားငယ်ကိုင်ဆောင်သော လူအုပ်ကြီး၊ ဓားလက်နက်စွဲကိုင်သူအားလုံးကိုပါ ထုတ်ဆောင်သွားမည်။
ဘုရားရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို တိုင်တည်ကျိန်ဆို၍ “ကြည့်ရှုလော့။ သင်တို့ကို ချိတ်များဖြင့်လည်းကောင်း၊ ကြွင်းကျန်သူတို့ကို ငါးမျှားချိတ်များဖြင့်လည်းကောင်း ဖမ်းခေါ်သွားသောနေ့ ရောက်လာလိမ့်မည်။
ထိုအခါ သူတို့သည် ဒေါသစိတ်မွှန်၍ ယေရှုအား မည်သို့ပြုရမည်ကို အချင်းချင်းတိုင်ပင်ကြ၏။
လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။