ထိုစပါးနှံတို့နောက်မှ ခြောက်သွေ့သုန်ဖျင်း၍ အရှေ့လေကြောင့် ညှိုးရော်နေသောစပါးနှံခုနစ်နှံထွက်လာ၏။
၄ ရာ 19:26 - မြန်မာ့စံမီသမ္မာကျမ်း ထိုမြို့သားတို့ အားလျော့စိတ်ပျက်ကြပြီ။ ရှက်ကြောက်ကြပြီ။ သူတို့သည် မကြီးမီညှိုးနွမ်းသွားသောတောမြက်ပင်ကဲ့သို့၊ မြက်နုစိမ်းကဲ့သို့၊ ခေါင်မိုးပေါ်မှမြက်ပင် ကဲ့သို့ဖြစ်ကြပြီ။ Common Language Bible ထိုမြို့များတွင်နေထိုင်သူတို့သည်စွမ်းရည် မရှိ၊ ထိတ်လန့်ကြောက်ရွံ့လျက်အရှေ့အရပ်မှ လေပူတိုက်၍ ညှိုးနွမ်းသွားသည့်စားကျက် မြက်၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့် တူကြ၏။ Garrad Bible ထို ကြောင့် ပျက် စီး ရာ မြို့ သူ မြို့ သား တို့ သည် လက် ရုံး ရည် ညံ့ သ ဖြင့် ထိတ် လန့် ရှက် ကြောက်၍ စား ကျက် မြက် နု၊ စိမ်း လန်း သော မြက်၊ တိုက် မိုး ပေါ် ပေါက် သော အ ပင်၊ မ အောင် သော ကောက် ပင် များ ကဲ့ သို့ ဖြစ် ကြ၏။ Judson Bible ထိုကြောင့် မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသောစပါးပင်ကဲ့သို့လည်းကောင်း၊ အိမ်မိုးပေါ်မှာပေါက်သောမြက်ပင်နှင့် မကြီးမီညှိုးနွမ်းသော စပါးပင်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ |
ထိုစပါးနှံတို့နောက်မှ ခြောက်သွေ့သုန်ဖျင်း၍ အရှေ့လေကြောင့် ညှိုးရော်နေသောစပါးနှံခုနစ်နှံထွက်လာ၏။
ထိုစပါးနှံတို့နောက်မှ သုန်ဖျင်း၍အရှေ့လေကြောင့်ညှိုးရော်နေသော စပါးနှံခုနစ်နှံသည်လည်း ပေါက်လာ၏။
အကျွန်ုပ်၏နေ့ရက်များသည် ညနေစောင်းအရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ခြောက်သွေ့သွားပါ၏။
ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင် အိမ်ဆောက်သောသူတို့သည် အချည်းနှီးကြိုးပမ်းအားထုတ်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင် စောင့်သောသူသည် အချည်းနှီးစောင့်ကြပ်၏။
ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ အပြစ်ဒုစရိုက်ပြုသောသူ အပေါင်းတို့သည် ရှင်သန်ကြခြင်းမှာ ထာဝရဖျက်ဆီးခြင်းခံရရန်အတွက်ဖြစ်၏။
ထိတ်လန့်လိမ့်မည်။ ပြင်းထန်သောဝေဒနာ၊ မချိတင်ကဲဝေဒနာသည် သူတို့ကို ဆုပ်ကိုင်ထားလိမ့်မည်။ သားဖွားသောမိန်းမကဲ့သို့ လူးလွန့်ရလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်လိမ့်မည်။ သူတို့မျက်နှာသည် မီးလျှံကဲ့သို့ဖြစ်လိမ့်မည်။
သင်တို့ကိုတိုက်ခိုက်လာသော ခါလဒဲတပ်တစ်တပ်လုံးကို သင်တို့အနိုင်ရလျှင်ပင် ကျန်ခဲ့သောဒဏ်ရာရသောသူတို့သည် ကိုယ့်တဲမှထလာပြီး ဤမြို့ကို မီးရှို့ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဘေဘီလုံစစ်သူရဲတို့သည် စစ်မတိုက်ဝံ့တော့ဘဲ ရဲတိုက်များ၌သာ နေကြလေပြီ။ သူတို့သည် ရဲစွမ်းသတ္တိကုန်ခန်း၍ မိန်းမကဲ့သို့ဖြစ်လေပြီ။ သူတို့နေရာကို မီးရှို့ပစ်ကြပြီ။ ကန့်လန့်ကျင်တို့ကိုလည်း ချိုးပစ်ကြပြီ။
ဆိပ်ကမ်းတို့ကို သိမ်းပိုက်ကြပြီ။ ခံတပ်များကို မီးရှို့ပစ်ကြပြီ။ စစ်သူရဲတို့လည်း ဆောက်တည်ရာမရကြောက်လန့်ကြလေပြီ။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါထာဝရဘုရား၏လက်သည် တိုသလော။ ငါ၏စကားတည်သည်၊ မတည်သည်ကို ယခု သင်သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်၌ရှိသောလူတို့ကိုလည်း မကြောက်ကြပါနှင့်။ အကြောင်းမူကား သူတို့သည် ငါတို့အစာဖြစ်၏။ သူတို့၌ အကာအကွယ်ပေးမည့်သူမရှိ။ ငါတို့၌ ထာဝရဘုရားရှိ၏။ ထိုသူတို့ကို မကြောက်ကြနှင့်”ဟု ဆို၏။
သင်တို့အား မှောင်မိုက်၌ ငါပြောသောအရာတို့ကို အလင်း၌ပြောကြားကြလော့။ နားအပါးကပ်ပြော၍ကြားရသောအရာတို့ကို လေသာဆောင်အပေါ်မှ ဟောပြောကြလော့။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။