ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။
၄ ရာ 19:1 - မြန်မာ့စံမီသမ္မာကျမ်း ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။ Common Language Bible ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားချင်းဟေဇကိမင်းသည် မိမိ၏အဝတ် တော်ကိုဆုတ်ပြီးလျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား၏ဗိမာန်တော်သို့ကြွတော် မူ၏။- Garrad Bible ထို စ ကား ကို ဟေ ဇ ကိ မင်း ကြား သော်၊ ဝတ် လဲ တော် ဆုတ် ခြင်း၊ လျှော် တေ ခြုံ ခြင်း ကို ပြု လျက် ဗိ မာန် တော် သို့ ဝင် ပြီး လျှင် Judson Bible ထိုစကားကို ဟေဇကိမင်းကြီးသည်ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုခြုံလျက် ဗိမာန်တော်သို့သွားလေ၏။ |
ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။
အာဟပ်မင်းကြီးသည် ဧလိယစကားကို ကြားသောအခါ မင်းဝတ်တန်ဆာများကိုဆုတ်ဖြဲပစ်၍ လျှော်တေအဝတ်ကိုဝတ်ကာ အစာရှောင်လေ၏။ လျှော်တေအဝတ်နှင့်ပင်အိပ်၏။ လမ်းလျှောက်လျှင်လည်း မျက်နှာမဖော်ဝံ့။
“အာဟပ်မင်းကြီးသည် ငါ့ရှေ့တော်တွင် ကိုယ်ကိုအလွန်နှိမ့်ချသည်ကို သင်မြင်သလော။ ထိုသို့ ငါ့ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချသောကြောင့် သူ့လက်ထက်တွင် ထိုဘေးဆိုးနှင့်မကြုံတွေ့စေရ။ သူ့သားလက်ထက်မှ သူ့အမျိုးအနွယ်ကို ထိုဘေးဆိုးနှင့်ကြုံတွေ့စေမည်”ဟု မိန့်ဆို၏။
ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။
အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။
ထိုအမျိုးသမီး၏စကားကို ကြားသောအခါ ရှင်ဘုရင်သည် မိမိအဝတ်ကို ဆွဲဆုတ်ပစ်၍ မြို့ရိုးပေါ်လျှောက်သွားတော်မူလျှင် ရှင်ဘုရင်၏ဝတ်လုံအောက် ကိုယ်ပေါ်တွင် လျှော်တေအဝတ်ဝတ်ထားသည်ကို လူတို့တွေ့မြင်ရလေ၏။
ထိုအကြောင်းကိုကြားလျှင် ငါသည် အတွင်းအင်္ကျီ၊ အပြင်ဝတ်လုံကိုဆွဲဆုတ်ပြီး ဆံပင်၊ မုတ်ဆိတ်တို့ကို ဆွဲနုတ်ကာ လက်မှိုင်ချလျက်ထိုင်နေမိ၏။
ငါမူကား သူတို့ဖျားနာသောအခါ လျှော်တေအဝတ်ကိုဝတ်၍ အစာရှောင်လျက် မိမိကိုယ်မိမိချိုးနှိမ်၏။ ငါ၏ဆုတောင်းချက် ငါ့ရင်ခွင်သို့သာ ပြန်လှည့်လာသောအခါ
ထိုအခါ အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် တပ်စခန်းသိမ်း၍လှည့်ပြန်သွားပြီး နိနေဝေမြို့၌ စံမြန်းလေ၏။
ထိုစကားအလုံးစုံတို့ကိုကြားရသော ရှင်ဘုရင်နှင့် သူ၏အစေအပါးအားလုံးတို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြ၊ အဝတ်ကိုမဆုတ်ကြ။
ထိုအခါ နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်သဖြင့် အစာရှောင်ရာနေ့ကို ကြေညာပြီးလျှင် အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် လျှော်တေအဝတ်ကိုဝတ်ကြ၏။
လူမှစ၍ တိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကိုဝတ်၍ ဘုရားသခင်ထံ စိတ်ပါလက်ပါနှင့်ဆုတောင်းကြစေ။ လူတိုင်း မိမိပြုသောမကောင်းမှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ရှောင်ကြဉ်ကြစေ။
“ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာနှင့်လူးကာ နောင်တရခဲ့ကြပေလိမ့်မည်။
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။
ထိုအခါ ငါသည် ငါ၏သက်သေနှစ်ပါးတို့အား အခွင့်ပေးသဖြင့် သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုဟောပြောကြလိမ့်မည်”ဟု ဆို၏။
ထိုနေ့တွင်ပင် ဗင်္ယာမိန်အမျိုးသားတစ်ဦးသည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်တွင်မြေမှုန့်ကို တင်လျက် စစ်မြေပြင်မှ ရှိလောမြို့သို့ အပြေးအလွှားရောက်လာ၏။