ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင်
၄ ရာ 18:34 - မြန်မာ့စံမီသမ္မာကျမ်း ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။ Common Language Bible ဟာမတ်ပြည်နှင့်အာပဒ်ပြည်တို့၏ဘုရား များသည် ယခုအဘယ်မှာရှိပါသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်နှင့်ဣဝါပြည် တို့၏ဘုရားများသည် အဘယ်မှာရှိပါ သနည်း။ သူတို့သည်ရှမာရိပြည်ကိုကယ် ခဲ့ကြပါသလော။- Garrad Bible ဟာ မတ် မြို့၊ အာ ပဒ် မြို့ ဘု ရား များ နှင့် သေ ဖ ရ ဝိမ် မြို့၊ ဟေ န မြို့၊ ဣ ဝါ မြို့ ဘု ရား များ ကား အ ဘယ် မှာ နည်း။ ငါ့ လက် တွင်း မှ ရှမာ ရိ မြို့ ကို ဆိုင် ရာ ဘု ရား လွတ် မြောက် စေ ဘူး သ လော။ Judson Bible ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။ |
ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင်
ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။
ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်တို့အဘယ်မှာရှိတော့သနည်း။ သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့တို့၏ဘုရင်တို့သည်လည်း အဘယ်မှာရှိတော့သနည်း”ဟု ပြောကြားစေ၏။
ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။
ကာလနေမြို့သို့ သွားလော့။ ထိုမှ ဟာမတ်မြို့ကြီးသို့ သွားပြီး ဖိလိတ္တိပြည်၊ ဂါသမြို့အထိ ဆင်းသွား၍ကြည့်ကြလော့။ ဤပြည်တို့သည် သင်တို့၏ပြည်ထက် သာ၍ကောင်းသလော။ သူတို့၏နယ်မြေသည် သင်တို့၏နယ်မြေထက် သာ၍ကျယ်ပြန့်သလော။
ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။