အဆီးရီးယားလူမျိုးသည် အမင်္ဂလာရှိ၏။ ထိုလူမျိုးသည် ငါ့အမျက်တော်ကြိမ်လုံးဖြစ်၏။ သူတို့ကိုင်ဆောင်သောတုတ်သည် ငါ၏အမျက်ဖြစ်၏။
၄ ရာ 18:13 - မြန်မာ့စံမီသမ္မာကျမ်း ဟေဇကိမင်းကြီးနန်းစံတစ်ဆယ့်လေးနှစ်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် ယုဒပြည်၏ခံတပ်မြို့အားလုံးကို တိုက်ခိုက်သိမ်းပိုက်လေ၏။ Common Language Bible ဟေဇကိမင်းနန်းစံတစ်ဆယ့်လေးနှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာခရိပ်သည် ယုဒ ပြည်ရှိခံတပ်မြို့များကိုသိမ်းယူလေသည်။- Garrad Bible ဟေ ဇ ကိ မင်း နန်း စံ ဆယ့် လေး နှစ် တွင် အာ ရှု ရိ ဘု ရင် သ နာ ခ ရိမ် မင်း သည် ယု ဒ ပြည် ရှိ ခံ တပ် မြို့ များ ကို ချီ တက် လုပ် ကြံ ရာ Judson Bible ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သနာခရိပ်သည် ယုဒပြည်၌ ခိုင်ခံ့သောမြို့ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံလေ၏။ |
အဆီးရီးယားလူမျိုးသည် အမင်္ဂလာရှိ၏။ ထိုလူမျိုးသည် ငါ့အမျက်တော်ကြိမ်လုံးဖြစ်၏။ သူတို့ကိုင်ဆောင်သောတုတ်သည် ငါ၏အမျက်ဖြစ်၏။
“သင်သည် ဟေဇကိမင်းကြီးထံသို့သွား၍ သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင်၏ဆုတောင်းသံကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ ကြည့်ရှုလော့။ ငါသည် သင့်အား တစ်ဆယ့်ငါးနှစ် ထပ်၍အသက်ရှင်စေမည်။
ထို့အတွက်ကြောင့် အကျွန်ုပ်ငိုကြွေးမြည်တမ်းမည်။ ဖိနပ်မစီး၊ အဝတ်မဝတ်ဘဲ သွားလာမည်။ ခွေးအကဲ့သို့အူပြီး ငှက်ကုလားအုတ်ကဲ့သို့ အော်မြည်မည်။
အကြောင်းမူကား မပျောက်ကင်းနိုင်သော ရှမာရိမြို့၏ဒဏ်ရာများသည် ယုဒပြည်အထိ ရောက်လေပြီ။ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်လူမျိုး၏မြို့တံခါးသို့ ရောက်လေပြီ။