ထိုသူတို့သည် ထိုမြို့ရွာတို့တွင်နေထိုင်ခါစ၌ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေခြင်းမရှိသောကြောင့် ထာဝရဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်၍ သူတို့ထဲမှအချို့ကို ကိုက်သတ်စေတော်မူ၏။
၄ ရာ 17:26 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့က “အရှင်မင်းကြီး ခေါ်ထုတ်လာပြီး ရှမာရိမြို့တွင် နေထိုင်စေသောလူတို့သည် ထိုပြည်စောင့်ဘုရား၏ဓလေ့ထုံးတမ်းကို မသိကြပါ။ ထို့ကြောင့် ထိုပြည်စောင့်ဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်ပြီး သူတို့ကိုကိုက်သတ်စေပါပြီ”ဟူသောသတင်းကို အဆီးရီးယားဘုရင်အား ကြားလျှောက်ကြလျှင် Common Language Bible ရှမာရိပြည်သို့သွားရောက်နေထိုင်ကြသည့် လူတို့သည် ထိုပြည်စောင့်နတ်ဘုရား၏တရား ကိုမသိနားမလည်ကြသဖြင့် ထိုဘုရား သည်ခြင်္သေ့များကိုစေလွှတ်၍ သူတို့အား ကိုက်သတ်စေကြောင်းကိုအာရှုရိဧကရာဇ် ဘုရင်ကြားသိသောအခါ၊- Garrad Bible ရှ မာ ရိ မြို့ ရွာ များ သို့ ကိုယ် တော် သုံ့ ဘမ်း ဆောင် သွင်း တော် မူ သော လူ မျိုး တို့ သည် ပြည့် ရှင် ဘု ရား၏ တ ရား ကို နား မ လည် ကြ သော ကြောင့် ခြင်္သေ့ များ ကို လွှတ် ၍ ကိုက် သတ် စေ ပါ သည် တ ကား ဟု အာ ရှု ရိ ဘု ရင် အား တင် လျှောက် ကြ သော်၊ Judson Bible ထိုကြောင့် အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိမြို့ရွာတို့၌ ထားတော်မူသော လူအမျိုးမျိုးတို့သည် ထိုပြည်စောင့်ဘုရား၏ တရားကို နားမလည်သောကြောင့်၊ ထိုဘုရားသည် ခြင်္သေ့တို့ကိုစေလွှတ်၍ နေရာကျသောသူတို့ကို သတ်ပါသည်ဟု အာရှုရိရှင်ဘုရင်အား လျှောက်ကြသော်၊ |
ထိုသူတို့သည် ထိုမြို့ရွာတို့တွင်နေထိုင်ခါစ၌ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေခြင်းမရှိသောကြောင့် ထာဝရဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်၍ သူတို့ထဲမှအချို့ကို ကိုက်သတ်စေတော်မူ၏။
အဆီးရီးယားဘုရင်က “ထိုပြည်မှ သင်တို့ဖမ်းခေါ်သွားသောယဇ်ပုရောဟိတ်တစ်ပါးကိုလွှတ်၍ ထိုပြည်သို့ပြန်လာနေထိုင်စေပြီး ထိုပြည်စောင့်ဘုရား၏ဓလေ့ထုံးတမ်းကို သူတို့အား သွန်သင်ပြသစေလော့”ဟု မိန့်ဆို၏။
‘အို ဒန်၊ သင်၏ဘုရားအသက်ရှင်သည့်အတိုင်း’ဟူ၍လည်းကောင်း၊ ‘ဗေရရှေဘကျင့်စဉ်တို့ ရှင်သန်နေသည့်အတိုင်း’ဟူ၍လည်းကောင်း ရှမာရိအပြစ်ကိုတိုင်တည်ကျိန်ဆိုတတ်သောသူတို့သည် နောက်တစ်ဖန် ပြန်မထနိုင်အောင် ကျဆုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် ရှမွေလက ဘုရင်နှင့်ဆိုင်သောစီရင်ထုံးဖွဲ့ချက်တို့ကို လူတို့အား ပြောပြပြီး စာလိပ်၌ရေးထား၍ ထာဝရဘုရားရှေ့တော်၌ ထားလေ၏။ ထို့နောက် ရှမွေလသည် လူအပေါင်းတို့ကို မိမိတို့အိမ်သို့ အသီးသီးပြန်စေ၏။
ယခု သူတို့စကားကို နားထောင်လော့။ သို့သော် သူတို့ကို အုပ်စိုးမည့်ရှင်ဘုရင်သည် သူတို့အပေါ် မည်သို့စီရင်အုပ်ချုပ်မည်ကို သူတို့အား ကြပ်ကြပ်သတိပေးပြောပြလော့”ဟု မိန့်တော်မူ၏။