ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
၄ ရာ 16:5 - မြန်မာ့စံမီသမ္မာကျမ်း ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ အာခတ်မင်းကြီးကို ဝိုင်းရံထားသော်လည်း သူ့ကို မအောင်နိုင်ခဲ့ပေ။ Common Language Bible ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့သည် စစ်ချီ၍ယေရုရှလင်မြို့ကိုဝိုင်းရံ ထားကြသော်လည်း အာခတ်မင်းကိုမနှိမ်နင်း နိုင်ကြ။- Garrad Bible ထို မင်း လက် ထက် ရှု ရိ ဘု ရင် ရေ ဇိန် မင်း နှင့် ရေ မ လိ သား၊ ဣ သ ရေ လ ဘု ရင် ပေ ကာ မင်း တို့ သည်၊ ယေ ရု ရှ လင် မြို့ သို့ ချီ တက် ဝိုင်း ဝန်း ကြ ရာ အာ ခတ် မင်း ကို မ အောင် နိုင် သော် လည်း၊ ဧ လတ် မြို့ ကို ရှု ရိ ဘု ရင် သိမ်း ယူ လျက် Judson Bible ထိုအခါ ရှုရိရှင်ဘုရင်ရေဇိန်နှင့် ဣသရေလရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။ |
ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
သို့သော် သူ၏ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ ဂျေရုဆလင်မြို့တွင် ဒါဝိဒ်မင်းကြီး၏မီးခွက်ဆက်လက်လင်းနေစေရန် သူ၏သားတော်အား သူ၏အရိုက်အရာကိုဆက်ခံစေသည့်အပြင် ဂျေရုဆလင်မြို့ကိုလည်း တည်မြဲစေခဲ့၏။
ထိုအချိန်တွင် ထာဝရဘုရားသည် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားပေကာမင်းကြီးတို့ကိုလွှတ်၍ ယုဒပြည်ကို စတင်တိုက်ခိုက်စေ၏။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
“ဤလူမျိုးသည် ညင်သာစွာစီးဆင်းသော ရှိလောင်ရေကိုစွန့်ပယ်၍ ရေဇိန်နှင့် ရေမလိ၏သားတို့နှင့် သာယာနေသောကြောင့်
ယခုမှာ ဆီးရီးယားသမီးပျိုနှင့် သူ့ဝန်းကျင်ရှိလူများ သင့်ကိုကဲ့ရဲ့သောအချိန်ရောက်လေပြီ။ သင့်ဝန်းကျင်ရှိ ဖိလိတ္တိသမီးပျိုများ သင့်ကိုမထီမဲ့မြင်ပြုသောအချိန်ရောက်လေပြီ။