ကျန်ရှိနေသော ရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှတို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၄ ရာ 16:19 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသော အာခတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ Common Language Bible အာခတ်မင်းလုပ်ဆောင်ခဲ့သောအခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။- Garrad Bible အာ ခတ် မင်း ပြု မူ စီ ရင် သော အ ကြွင်း အ ကျန် သည် ယု ဒ ရာ ဇ ဝင် ၌ ရေး ထား လျက် ရှိ ၏။ Judson Bible အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
ကျန်ရှိနေသော ရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှတို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယောသံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယောသံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထာဝရဘုရား၏အိမ်တော်၌ ဆောက်လုပ်ထားသော ဥပုသ်ဇရပ်နှင့် ထာဝရဘုရား၏အိမ်တော်သို့ ရှင်ဘုရင်ဝင်ရာ အပြင်လမ်းတို့ကိုလည်း အဆီးရီးယားဘုရင်ကြောင့် ပိတ်ပစ်လိုက်၏။
ကျန်ရှိနေသော ယောရံမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာခတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူလျှောက်ခဲ့သမျှသောလမ်းအစအဆုံးတို့ကို ယုဒဘုရင်နှင့် အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။