ယဇ်ပုရောဟိတ်ဥရိယသည်လည်း ဒမတ်စကပ်မြို့မှ အာခတ်မင်းကြီးပေးပို့လိုက်သည့်ယဇ်ပလ္လင်ပုံစံအတိုင်း တည်ဆောက်ရာ အာခတ်မင်းကြီး ဒမတ်စကပ်မြို့မှပြန်မရောက်မီ ယဇ်ပုရောဟိတ်ဥရိယသည် ယဇ်ပလ္လင်ကိုတည်ဆောက်ပြီး ဖြစ်၏။
၄ ရာ 16:14 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် အိမ်တော်အရှေ့ရှိ ထိုယဇ်ပလ္လင်နှင့် ထာဝရဘုရား၏အိမ်တော်ကြားတွင်ရှိသော ထာဝရဘုရားရှေ့တော်မှကြေးနီယဇ်ပလ္လင်ကို ယူဆောင်သွားပြီး ထိုယဇ်ပလ္လင်၏မြောက်ဘက်တွင် ထားလိုက်၏။ Common Language Bible ထာဝရဘုရားအားဆက်ကပ်ထားသည့်ကြေး ဝါပလ္လင်မှာ ယဇ်ပလ္လင်သစ်နှင့်ဗိမာန်တော်စပ်ကြား တွင်တည်ရှိနေသောကြောင့် အာခတ်သည်ထို ပလ္လင်ကိုယဇ်ပလ္လင်သစ်၏မြောက်ဘက်သို့ပြောင်း ရွှေ့လိုက်ပြီးလျှင်၊- Garrad Bible ကိုယ့် ပ လ္လင် နှင့် ဗိ မာန် တော် ဦး စပ် ကြား၊ ထာ ဝ ရ ဘု ရား ရှေ့၊ ရှိ ရင်း ကြေး ပ လ္လင် တော် ကို ကိုယ့် ပ လ္လင် မြောက် ဘက်၌ ရွှေ့ ထား လေ ၏။ Judson Bible ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော်စပ်ကြားအရပ်မှရွှေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။ |
ယဇ်ပုရောဟိတ်ဥရိယသည်လည်း ဒမတ်စကပ်မြို့မှ အာခတ်မင်းကြီးပေးပို့လိုက်သည့်ယဇ်ပလ္လင်ပုံစံအတိုင်း တည်ဆောက်ရာ အာခတ်မင်းကြီး ဒမတ်စကပ်မြို့မှပြန်မရောက်မီ ယဇ်ပုရောဟိတ်ဥရိယသည် ယဇ်ပလ္လင်ကိုတည်ဆောက်ပြီး ဖြစ်၏။
မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်း၍ ယဇ်ပလ္လင်ကို မိတ်သဟာယယဇ်အသွေးဖြင့် ဖျန်းလေ၏။
အာခတ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဥရိယအား “ထိုယဇ်ပလ္လင်ကြီးပေါ်၌ နံနက်မီးရှို့ရာယဇ်နှင့် နေဝင်ချိန်ဘောဇဉ်ပူဇော်သက္ကာ၊ ဘုရင့်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ တိုင်းသူပြည်သားအားလုံးတို့၏မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာစသည်တို့ကို ပူဇော်ရမည်။ မီးရှို့ရာယဇ်ကောင်၏အသွေးနှင့် အခြားယဇ်ကောင်အသွေးရှိသမျှတို့ကို ထိုယဇ်ပလ္လင်ပေါ်တွင် ပက်ဖျန်းရမည်။ ကြေးနီယဇ်ပလ္လင်မူကား ငါမေးလျှောက်ရန်အတွက် ဖြစ်ရမည်”ဟု မိန့်မှာ၏။
ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလပြုလုပ်သောကြေးနီယဇ်ပလ္လင်ကို ထာဝရဘုရား၏တဲတော်ရှေ့တွင် ထားရှိ၏။ ရှောလမုန်မင်းကြီးနှင့် လူထုတို့သည် ထိုယဇ်ပလ္လင်ကို ထာဝရဘုရားထံမေးမြန်းရာတွင် အသုံးပြုကြ၏။
အာခတ်မင်းကြီးစိုးစံစဉ်က သစ္စာမဲ့၍ဖယ်ရှားပစ်ခဲ့သောအသုံးအဆောင်အားလုံးတို့ကိုလည်း အကျွန်ုပ်တို့ ပြုပြင်၍သန့်ရှင်းစေပြီး ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့တွင် ထားရှိပါသည်”ဟု လျှောက်တင်ကြ၏။
ထို့ပြင် အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။
ယဇ်ပလ္လင်ကို အကေရှားသစ်သားဖြင့် လုပ်ရမည်။ ထိုယဇ်ပလ္လင်သည် အလျားငါးတောင်၊ အနံငါးတောင် စတုရန်းပုံဖြစ်၍ အမြင့်သုံးတောင်ရှိရမည်။
ယဇ်ပလ္လင်၏ထောင့်လေးထောင့်၌ ချိုများကိုလုပ်၍ ထိုချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်ရမည်။ ယဇ်ပလ္လင်ကို ကြေးနီဖြင့်မွမ်းမံရမည်။
မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။
တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ မီးရှို့ရာယဇ်ပလ္လင်ကို ထားရမည်။
သူတို့၏တံခါးခုံများကို ငါ့တံခါးခုံနားမှာလည်းကောင်း၊ သူတို့၏တံခါးတိုင်များကို ငါ့တံခါးတိုင်နားမှာလည်းကောင်း ထားကြ၏။ သူတို့နှင့်ငါ့ကြား၌ နံရံတစ်ခုသာခြား၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာများကိုပြု၍ သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြ၏။ ထို့ကြောင့် ငါအမျက်ထွက်၍ သူတို့ကို ဖျက်ဆီးခဲ့၏။
သို့ဖြစ်၍ ဖြောင့်မတ်သောသူ အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် သင်တို့သတ်ခဲ့သော ဗာရခိ၏သား ဇာခရိ၏သွေးတိုင်အောင် မြေကြီးပေါ်၌ သွန်းလောင်းခြင်းခံရသည့် ဖြောင့်မတ်သောသူတို့၏သွေးကြွေးရှိသမျှသည် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။