အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း မိမိအသက်ရှင်သမျှကာလပတ်လုံး အာသမင်းကြီး၏စိတ်နှလုံးသည် ထာဝရဘုရားကို အကြွင်းမဲ့ကိုးစား၏။
၄ ရာ 15:4 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသောကြောင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက် ရှိကြ၏။ Common Language Bible သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို ဖျက်ဆီးခြင်းမပြုသဖြင့် လူတို့သည်ထို ဌာနများတွင် ဆက်လက်၍ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြ၏။- Garrad Bible မြင့် ရာ ဌာ န များ ကို မ စွန့် မ ပယ်၊ ထို ဌာ န များ၌ လူ ပ ရိ သတ် တို့ သည် ပူ ဇော်၍ မီး ဖြင့် ဆက် ကပ် ကြ သေး ၏။ Judson Bible သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။ |
အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း မိမိအသက်ရှင်သမျှကာလပတ်လုံး အာသမင်းကြီး၏စိတ်နှလုံးသည် ထာဝရဘုရားကို အကြွင်းမဲ့ကိုးစား၏။
ယောရှဖတ်သည် ခမည်းတော်အာသမင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှမလွဲဘဲ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာကျင့်ကြံနေထိုင်၏။ သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားပေ။ လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာများ၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက်ရှိ၏။
သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသဖြင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့တွင် ယဇ်ပူဇော်ခြင်း၊ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းတို့ကို ပြုကြ၏။
ယဟောရှမင်းကြီးက ယဇ်ပုရောဟိတ်တို့အား “စာရင်းဝင်သူတိုင်းပေးရမည့်အလှူငွေ၊ လူတစ်ဦးစီ၏တန်ဖိုးဖြတ်ငွေ၊ စေတနာအလျောက် ထာဝရဘုရား၏အိမ်တော်သို့ လာရောက်လှူဒါန်းသည့်ငွေစသည့် ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသည့်သန့်ရှင်းသောအလှူငွေအားလုံးကို
အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသောကြောင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့၌ ဆက်လက်၍ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက် ရှိကြ၏။
အာဇရိမင်းကြီးသည် ခမည်းတော်အာမဇိမင်းကြီးပြုကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ယောသံမင်းကြီးသည် ခမည်းတော်ဩဇိမင်းကြီး ပြုကျင့်သမျှအတိုင်း ထာဝရဘုရား၏ရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားခဲ့ပေ။ လူတို့သည် အထွတ်အမြတ်ထားရာနေရာများတွင် ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက်ရှိ၏။ သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကိုလည်း တည်ဆောက်ခဲ့၏။
သူသည် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပြီး ကျောက်တိုင်များကို ဖြိုလှဲပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို လှဲချပြီး မောရှေသွန်းလုပ်ခဲ့သောကြေးနီမြွေရုပ်ကိုလည်း ထုခွဲပစ်၏။ အကြောင်းမူကား ထိုအချိန်အထိ အစ္စရေးလူမျိုးတို့သည် ထိုမြွေရုပ်ကို နဟုတ္တန် ဟုခေါ်ဆိုပြီး နံ့သာပေါင်းကို မီးရှို့ပူဇော်တတ်ကြ၏။
သူ၏စိတ်နှလုံးသည် ထာဝရဘုရား၏တရားလမ်းတို့၌ မွေ့လျော်၏။ ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ဖယ်ရှားပစ်ခဲ့၏။
အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို ဖယ်ရှားပစ်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အား ယဇ်ပလ္လင်တစ်ခုတည်းတွင်သာ ယဇ်ပူဇော်ရမည်၊ ထိုယဇ်ပလ္လင်ရှေ့တွင်သာ ဝတ်ပြုရမည်ဟု ပြောခဲ့သည်မှာ ထိုဟေဇကိမင်းကြီးပင် မဟုတ်လော။
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။