သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
၄ ရာ 15:38 - မြန်မာ့စံမီသမ္မာကျမ်း ယောသံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ Common Language Bible ယောသံကွယ်လွန်သောအခါ သူ့အားဒါဝိဒ် မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်အာခတ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။ Garrad Bible ယော သံ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ဘေး တော် ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် အာ ခတ် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။ |
သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
ထို့ကြောင့် သူ့အမှုထမ်းတို့က “အကျွန်ုပ်တို့၏သခင်အရှင်မင်းကြီး၊ အရှင်မင်းကြီးအဖို့ မိန်းမပျိုတစ်ယောက် ရှာပေးပါရစေ။ သူ့ကို အရှင်မင်းကြီးထံအခစားဝင်၍ ပြုစုစေတော်မူပါ။ အကျွန်ုပ်တို့၏သခင်အရှင်မင်းကြီး နွေးထွေးဖို့ သူသည် အရှင်မင်းကြီး၏ရင်ခွင်၌ အိပ်ပါစေ”ဟု သူ့အား လျှောက်တင်ကြ၏။
ယေရောဗောင်မင်းကြီးသည် နှစ်ဆယ့်နှစ်နှစ်နန်းစံပြီး ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သွား၏။ သူ၏သားတော်နာဒပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ရောဗောင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဘိုးဘေးတို့နှင့်အတူ သူ့ကိုဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။ ရောဗောင်မင်းကြီး၏သားတော်အဘိယံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
ထိုအချိန်တွင် ထာဝရဘုရားသည် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားပေကာမင်းကြီးတို့ကိုလွှတ်၍ ယုဒပြည်ကို စတင်တိုက်ခိုက်စေ၏။
ရေမလိ၏သားပေကာမင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်ယောသံမင်းကြီး၏သားတော်အာခတ် နန်းတက်၏။
ယောရံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်လေ၏။ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယောသံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
အာခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ သူသည် သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့ မပြုကျင့်။ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာမပြုကျင့်ဘဲ
ဩဇိသည် သားယောသံကိုရ၏။ ယောသံသည် သားအာခတ်ကိုရ၏။ အာခတ်သည် သားဟေဇကိကိုရ၏။