အာသမင်းကြီးသည် သူ၏အဘီတော်ဒါဝိဒ်မင်းကြီးကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ ဖြောင့်မှန်စွာ ပြုကျင့်၏။
၄ ရာ 15:3 - မြန်မာ့စံမီသမ္မာကျမ်း အာဇရိမင်းကြီးသည် ခမည်းတော်အာမဇိမင်းကြီးပြုကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ Common Language Bible သြဇိသည်မိမိခမည်းတော်၏လမ်းစဉ်ကို လိုက်၍ ထာဝရဘုရားနှစ်သက်တော်မူသော အမှုတို့ကိုပြု၏။- Garrad Bible ထို မင်း သည် ခ မည်း တော် အာ မ ဇိ မင်း ပြု သ မျှ အ တိုင်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် သော် လည်း Judson Bible ထိုမင်းသည် ခမည်းတော်အာမဇိ ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။ |
အာသမင်းကြီးသည် သူ၏အဘီတော်ဒါဝိဒ်မင်းကြီးကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ ဖြောင့်မှန်စွာ ပြုကျင့်၏။
အာဇရိနန်းတက်သောအခါ သက်တော်တစ်ဆယ့်ခြောက်နှစ်သာ ရှိသေး၏။ ဂျေရုဆလင်မြို့တွင် ငါးဆယ့်နှစ်နှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယေခေါလိအမည်ရှိ၏။
ယောသံမင်းကြီးသည် ခမည်းတော်ဩဇိမင်းကြီး ပြုကျင့်သမျှအတိုင်း ထာဝရဘုရား၏ရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသောကြောင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက် ရှိကြ၏။
ဩဇိနန်းတက်သောအခါ သက်တော်တစ်ဆယ့်ခြောက်နှစ်သာ ရှိသေး၏။ ဂျေရုဆလင်မြို့တွင် ငါးဆယ့်နှစ်နှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယေခေါလိအမည်ရှိ၏။
ဩဇိမင်းကြီးသည် ခမည်းတော်အာမဇိမင်းကြီးပြုကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။