တိရဇာမြို့အသိမ်းခံလိုက်ရကြောင်း ဇိမရိမင်းကြီးသိမြင်လျှင် ဘုရင့်နန်းတော်ခံတပ်ထဲသို့ဝင်၍ မိမိပတ်ပတ်လည် ဘုရင့်နန်းတော်ကို မီးရှို့လိုက်သဖြင့် မီးထဲတွင်ပင် သေလေ၏။
၄ ရာ 15:25 - မြန်မာ့စံမီသမ္မာကျမ်း ရေမလိ၏သား တပ်မှူးပေကာသည် အာဂေါဘ၊ အရေဟနှင့် ဂိလဒ်ပြည်သားအယောက်ငါးဆယ်တို့နှင့်အတူ လျှို့ဝှက်ကြံစည်ပြီး ရှမာရိမြို့ရှိ ဘုရင့်နန်းတော်ခံတပ်တွင် ပေကဟိမင်းကြီးကို လုပ်ကြံသတ်ဖြတ်လိုက်၏။ ထို့နောက် ပေကာသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။ Common Language Bible ပေကဟိ၏တပ်မတော်အရာရှိတစ်ဦးဖြစ် သူပေကာသည် ဂိလဒ်ပြည်သားလူငါးကျိပ် နှင့်အတူ လျှို့ဝှက်ကြံစည်ကာပေကဟိကို ရှမာရိနန်းတော်အတွင်း၌လုပ်ကြံပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ Garrad Bible စစ် ကဲ ဖြစ် သူ၊ ရေ မ လိ သား ပေ ကာ သည် အာ ဂေါ ဘ၊ အ ရေ ဟ မှ စ၍ ဂိ လဒ် နယ် သား ငါး ကျိပ် ပါ အ တွင်း မီး ထ လျက်၊ ရှ မာ ရိ မြို့ ရှိ မြေ နန်း ဆောင် တွင် ထို မင်း ကို လုပ် ကြံ ကွပ် မျက် ပြီး လျှင် အ ရိုက် အ ရာ ဤ နန်း တက် လေ ၏။ Judson Bible အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတစ်ဖက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌ နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏အရာ၌ နန်းထိုင်၏။ |
တိရဇာမြို့အသိမ်းခံလိုက်ရကြောင်း ဇိမရိမင်းကြီးသိမြင်လျှင် ဘုရင့်နန်းတော်ခံတပ်ထဲသို့ဝင်၍ မိမိပတ်ပတ်လည် ဘုရင့်နန်းတော်ကို မီးရှို့လိုက်သဖြင့် မီးထဲတွင်ပင် သေလေ၏။
သူ၏အမှုထမ်း စစ်ရထားတပ်တစ်ဝက်၏တပ်မှူးဇိမရိသည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်၏။ ဧလာမင်းကြီးသည် တိရဇာမြို့ရှိ တိရဇာနန်းတော်အုပ်အာဇ၏အိမ်၌ သောက်စားယစ်မူးနေစဉ်
ယာဗက်၏သားရှလ္လုံသည် ဇာခရိမင်းကြီးအား လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လူအများရှေ့တွင်ပင် ကွပ်မျက်၍ မင်းအရိုက်အရာကို ဆက်ခံလေ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
ကျန်ရှိနေသော ပေကဟိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံငါးဆယ့်နှစ်နှစ်တွင် ရေမလိ၏သားပေကာသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် အနှစ်နှစ်ဆယ်စိုးစံ၏။
ဤသို့ဖြင့် နိမ်ရှိ၏မြေး၊ ယောရှဖတ်၏သားယေဟုသည် ယောရံမင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်လေ၏။ ထိုအချိန်တွင် ယောရံမင်းကြီးနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီး၏ရန်ကြောင့် ရာမုတ်ဂိလဒ်မြို့ကို စောင့်ကြပ်လျက်နေ၏။
သူရောက်လာသောအခါ တပ်မှူးကြီးတို့ ထိုင်နေကြသည်ကို တွေ့ရ၏။ ထိုအခါ သူက “တပ်မှူးကြီး၊ သင့်အဖို့ သတင်းစကားပါ၏”ဟု ဆိုလျှင် ယေဟုက “အားလုံးထဲမှ မည်သူ့ကို ဆိုလိုသနည်း”ဟု မေး၏။ ထိုအခါ လုလင်ပျိုပရောဖက်က “တပ်မှူးကြီး၊ သင့်ကို ဆိုလိုပါ၏”ဟု ပြန်ပြော၏။
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်တွင် ရေမလိ၏သားပေကာမင်းကြီး၏လက်ချက်ဖြင့် စစ်သူရဲအားလုံး တစ်သိန်းနှစ်သောင်း တစ်နေ့ချင်းတွင် သေကြရ၏။
ဩဇိမင်းကြီး၏သားတော်ယောသံ၊ ယောသံမင်းကြီး၏သားတော် ယုဒဘုရင်အာခတ်မင်းကြီး၏လက်ထက်တွင် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီး၊ ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်၏။ သို့သော် မအောင်နိုင်ခဲ့ပေ။