ယေရောဗောင်မင်းကြီးသည် မိမိ၏ဘိုးဘေးအစ္စရေးဘုရင်များနှင့်အတူ အိပ်ပျော်ပြီးနောက် သူ၏သားတော်ဇာခရိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယေရောဗောင်ကွယ်လွန်သောအခါ သူ့အား ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ဇာခရိသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
ယေ ရော ဗောင် မင်း သည် ဣ သ ရေ လ ဘု ရင် ဖြစ် သော ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျှင် သား တော် ဇာ ခ ရိ သည် အ ရိုက် အ ရာ ၌ နန်း စံ လေ ၏။
ယေရောဗောင်သည် ဘိုးတော်ဘေးတော် ဣသရေလရှင်ဘုရင်တို့နှင့် အိပ်ပျော်၍ သားတော်ဇာခရိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ထာဝရဘုရားက ယေဟုအား “သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်မှန်ကန်စွာ ပြုလေပြီ။ အာဟပ်မင်းမျိုးမင်းနွယ်ကို ငါပြုစေလိုသည့်အတိုင်း သင်ပြုသောကြောင့် သင်၏သားစဉ်မြေးဆက်လေးဆက်တိုင်တိုင် အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ ယုဒပြည်အပိုင် ဒမတ်စကပ်မြို့နှင့် ဟာမတ်မြို့တို့ကို အစ္စရေးလူမျိုးအဖို့ ပြန်လည်တိုက်ခိုက်သိမ်းယူပေးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။
ဤသည်မှာ “သင်၏သားမြေးလေးဆက်အထိ အစ္စရေးလူမျိုးတို့၏ရာဇပလ္လင်တွင် စံမြန်းရမည်”ဟု ထာဝရဘုရားက ယေဟုအား မိန့်မှာထားသည့်စကားအတိုင်း ပြည့်စုံလာခြင်းဖြစ်၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ယေရောဗောင်မင်းကြီး၏သားတော်ဇာခရိသည် အစ္စရေးဘုရင် ဖြစ်လာပြီး ရှမာရိမြို့တွင် ခြောက်လစိုးစံ၏။