ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
၄ ရာ 14:14 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်၌ တွေ့သမျှသော ရွှေငွေအားလုံး၊ အသုံးအဆောင်အားလုံးကို သိမ်းယူ၍ ဓားစာခံများကိုလည်း ဖမ်းဆီးပြီး ရှမာရိမြို့သို့ ပြန်သွားလေ၏။ Common Language Bible သူသည်မိမိတွေ့ရှိသမျှသောရွှေ၊ ငွေ၊ ဗိမာန် တော်အသုံးအဆောင်ရှိသမျှနှင့်ဘဏ္ဍာတော် တိုက်တွင် ရှိသမျှကိုယူ၍ရှမာရိမြို့သို့ သယ်ဆောင်သွားတော်မူ၏။ ယဟောရှမင်း သည်ဋ္ဌားစာခံများကိုလည်း ဖမ်းဆီးခေါ် ဆောင်ခဲ့လေသည်။ Garrad Bible ဗိ မာန် တော်၊ နန်း တော်၊ ဘ ဏ္ဍာ တိုက် ရှိ ရွှေ ငွေ စ သော အ သုံး အ ဆောင် ရှိ သ မျှ နှင့် ပြည် ရေး အ တွက် အာ မ ခံ တို့ ကို ယူ ပြီး မှ ရှ မာ ရိ မြို့ သို့ ပြန် ချီ လေ ၏။ Judson Bible ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်ဘဏ္ဍာတိုက်၌လည်းကောင်း၊ ရှိသမျှသော ရွှေငွေမှစ၍ တန်ဆာအလုံးစုံနှင့် အာမခံသောသူအချို့တို့ကိုယူပြီးမှ ရှမာရိမြို့သို့ပြန်သွား၏။ |
ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးသောအခါ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်များကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။
ထိုအခါ ယုဒဘုရင်ယဟောရှမင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။
ယခု ငါ၏သခင်အဆီးရီးယားဘုရင်နှင့် လာ၍ညှိနှိုင်းလော့။ သင်၌ မြင်းစီးသူရဲ အလုံအလောက်ရှိလျှင် သင့်ကို မြင်းအကောင်နှစ်ထောင် ငါပေးမည်။
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။
ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော မီးကျီးခံဗန်းများ၊ ဇလုံများကိုလည်း သိမ်းယူသွားလေ၏။