သို့သော် ယာကုပ်၏တန်ခိုးကြီးသောအရှင်၏လက်တော်အားဖြင့်၊ အစ္စရေး၏ကျောက်တည်းဟူသောသိုးထိန်းအားဖြင့် သူ၏လေးသည် တည်ငြိမ်၍ သူ၏လက်မောင်းတို့သည် သန်မာလျက်ရှိ၏။
၄ ရာ 13:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဧလိရှဲက အစ္စရေးဘုရင်အား “လက်ကိုလေးပေါ် တင်လော့”ဟုဆိုလျှင် သူလည်း လက်ကိုလေးပေါ်တင်၏။ ထိုအခါ ဧလိရှဲက မိမိလက်ကို အစ္စရေးဘုရင်၏လက်ပေါ် တင်၏။ Common Language Bible ဧလိရှဲက``လေးကိုတင်လော့'' ဟုဆို၏။ ထို အခါမင်းကြီးသည်လေးကိုတင်လေ၏။ ထို နောက်ဧလိရှဲသည် မိမိလက်ကိုမင်းကြီး ၏လက်ပေါ်တွင်တင်ပြီးလျှင်၊- Garrad Bible လေး ကိုင် စွဲ လော့ ဟု မိန့် ဆို ချက် အ ရ ဣ သ ရေ လ ဘု ရင် ကိုင် စွဲ လျှင် ဧ လိ ရှဲ သည် ဘု ရင် မင်း လက် ပေါ် တွင် ကိုယ့် လက် ကို တင် လျက် Judson Bible လေးကိုတင်လော့ဟု တစ်ဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင်လက်ပေါ်မှာ တင်လျက်၊ |
သို့သော် ယာကုပ်၏တန်ခိုးကြီးသောအရှင်၏လက်တော်အားဖြင့်၊ အစ္စရေး၏ကျောက်တည်းဟူသောသိုးထိန်းအားဖြင့် သူ၏လေးသည် တည်ငြိမ်၍ သူ၏လက်မောင်းတို့သည် သန်မာလျက်ရှိ၏။
ဧလိရှဲကလည်း သူ့အား “လေးနှင့်မြားကို ယူခဲ့လော့”ဟုဆိုလျှင် သူသည် လေးနှင့်မြားကိုယူခဲ့၏။
ထို့နောက် ဧလိရှဲက “အရှေ့ပြတင်းပေါက်ကို ဖွင့်လော့”ဟုဆိုသဖြင့် ပြတင်းပေါက်ကိုဖွင့်လျှင် ဧလိရှဲက “ပစ်လော့”ဟုဆိုသဖြင့် ရှင်ဘုရင်လည်း ပစ်လိုက်လေ၏။ ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏အောင်မြင်သောမြား၊ ဆီးရီးယားလူမျိုးကိုအောင်နိုင်သောမြား ဖြစ်၏။ သင်သည် အာဖက်မြို့တွင် ဆီးရီးယားလူမျိုးတို့ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်လိမ့်မည်”ဟု ဆို၏။
ထို့နောက် သူငယ်ပေါ်တွင် နှုတ် နှုတ်ချင်း၊ မျက်လုံး မျက်လုံးချင်း၊ လက် လက်ချင်း ထပ်ပြီး လှဲအိပ်လေ၏။ ထိုသို့ သူငယ်ပေါ်တွင် ကိုယ်ကို မှောက်၍နေသောအခါ သူငယ်၏ကိုယ်မှာ နွေးလာ၏။
ငါ၏ကျောက်ဆောင်ဖြစ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်သည် ငါ၏လက်ကို စစ်မက်အတွက်လည်းကောင်း၊ ငါ၏လက်ချောင်းများကို တိုက်ပွဲအတွက်လည်းကောင်း လေ့ကျင့်ပေးတော်မူ၏။