သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
၄ ရာ 13:13 - မြန်မာ့စံမီသမ္မာကျမ်း ယောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ယေရောဗောင်သည် သူ၏ရာဇပလ္လင်တွင် စံမြန်းလေ၏။ Common Language Bible ယဟောရှကွယ်လွန်သွားသောအခါ သူ့ကို ရှမာရိမြို့ရှိဘုရင်တို့၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ဒုတိယ မြောက်ယေရောဗောင်သည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။ Garrad Bible ယ ဟော ရှ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ရှ မာ ရိ မြို့ ရှိ ဣ သ ရေ လ ဘု ရင် တို့ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် ယေ ရော ဗောင် နန်း တက် လေ ၏။ Judson Bible ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
သို့မဟုတ်လျှင် အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက်တွင် အကျွန်ုပ်နှင့် အကျွန်ုပ်၏သားရှောလမုန်သည် ရာဇဝတ်သားများ ဖြစ်ရပါလိမ့်မည်”ဟု လျှောက်တင်လေ၏။
ယေရောဗောင်အား “ဤအဝတ်စဆယ်ပိုင်းကို သင်ယူထားလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ရှောလမုန်မင်းကြီးလက်မှ နိုင်ငံကိုရုပ်သိမ်းပြီး မျိုးနွယ်ဆယ်နွယ်ကို သင့်အားပေးမည်။
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ရာတွင် အစွမ်းသတ္တိကြီးမားခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ဧလိရှဲသည် သေလုမျောပါးနာမကျန်းဖြစ်နေချိန်တွင် အစ္စရေးဘုရင်ယောရှမင်းကြီးက သူ့ထံလာ၍ငိုကြွေးလျက် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထား၊ အစ္စရေးမြင်းစီးသူရဲများပါတကား”ဟု ဆို၏။
ယောခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောရှသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ကျန်ရှိနေသော ယဟောရှမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီး နန်းစံတစ်ဆယ့်ငါးနှစ်တွင် အစ္စရေးဘုရင်ယောရှမင်းကြီး၏သားတော်ယေရောဗောင် နန်းတက်ပြီး ရှမာရိမြို့တွင်လေးဆယ့်တစ်နှစ် စိုးစံ၏။
ဤသည်မှာ “သင်၏သားမြေးလေးဆက်အထိ အစ္စရေးလူမျိုးတို့၏ရာဇပလ္လင်တွင် စံမြန်းရမည်”ဟု ထာဝရဘုရားက ယေဟုအား မိန့်မှာထားသည့်စကားအတိုင်း ပြည့်စုံလာခြင်းဖြစ်၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးလက်ထက်၊ အစ္စရေးဘုရင် ယောရှသားယေရောဗောင်မင်းကြီးလက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗေရိ၏သားဟောရှေထံသို့ ရောက်လာ၏။