၃ ရာ 11:31 - မြန်မာ့စံမီသမ္မာကျမ်း31 ယေရောဗောင်အား “ဤအဝတ်စဆယ်ပိုင်းကို သင်ယူထားလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ရှောလမုန်မင်းကြီးလက်မှ နိုင်ငံကိုရုပ်သိမ်းပြီး မျိုးနွယ်ဆယ်နွယ်ကို သင့်အားပေးမည်။ အခန်းကိုကြည့်ပါ။Common Language Bible31 ယေရောဗောင်အား``သင့်အတွက်ဝတ်လုံစ ဆယ်ခုကိုယူလော့။ ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကသင့် အား`ငါသည်ရှောလမုန်ထံမှနိုင်ငံတော်ကို ရုပ်သိမ်း၍ ဣသရေလတို့၏နယ်မြေဆယ်ခု ကိုပေးမည်။- အခန်းကိုကြည့်ပါ။Garrad Bible31-32 ဆယ့် နှစ် ပိုင်း ဆုတ် ဖြတ် ပြီး လျှင် ယေ ရော ဗောင် အား ဆယ် ပိုင်း ကို ယူ လော့။ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ နိုင် ငံ တော် ကို ရှော လ မုန့် လက် မှ ငါ ဆုတ် ဖြတ် လျက် ကျွန် တော် ရင်း ဒါ ဝိဒ် ကို လည်း ကောင်း၊ ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ နေ ရာ မြို့ ရွာ များ အနက် ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ ကို လည်း ကောင်း၊ ထောက် ထား ၍ တစ် နွယ် ကို သူ့ လက် ၀ယ် ချန် လျက် ဆယ် နွယ် ကို သင့် အား ငါ အပ် ပေး မည်။ အခန်းကိုကြည့်ပါ။Judson Bible31 ယေရောဗောင်အား၊ ဤဆယ်ပိုင်းကိုယူလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည်။ အခန်းကိုကြည့်ပါ။ |
အစ္စရေးအမျိုးသားတို့ကလည်း ယုဒအမျိုးသားတို့အား “ရှင်ဘုရင်၌ ငါတို့ဝေစုဆယ်စုရှိ၏။ ထို့ကြောင့် သင်တို့နှင့်ယှဉ်လျှင် ငါတို့သည် ဒါဝိဒ်မင်းကြီးနှင့်ပို၍စပ်ဆိုင်၏။ အဘယ်ကြောင့် ငါတို့ကို မထီလေးစားပြုရသနည်း။ ငါတို့ဘုရင်ကို ငါတို့ အဦးဆုံးပြန်ခေါ်ရမည်မဟုတ်လော”ဟု ပြန်ပြောကြ၏။ သို့သော် ယုဒအမျိုးသားတို့၏စကားသည် အစ္စရေးအမျိုးသားတို့၏စကားထက် ပို၍ခိုင်မာ၏။