ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
၄ ရာ 12:20 - မြန်မာ့စံမီသမ္မာကျမ်း ယောရှမင်းကြီးအမှုထမ်းတို့သည် ထကြွပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး သိလအရပ်သို့သွားရာလမ်းရှိ ဗက်မိလ္လောစံအိမ်တွင် သူ့ကို လုပ်ကြံလေ၏။ Common Language Bible ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ Garrad Bible ထို မင်း၏ ကျေး ကျွန်၊ ရှိ မတ် သား ယော ဇ ကာ နှင့် ရှော မေ ရ သား ယော ဇ ဗဒ် တို့ သည် အ တွင်း မီး ထ ၍ သိ လ မြို့ လမ်း အ နီး၊ မိလ္လော စံ နန်း တွင် ယော ရှ မင်း ကို လုပ် ကြံ သ ဖြင့်၊ ကွယ် လွန် သော်၊ ဒါ ဝိဒ် မြို့ တော် ရှိ ဘေး တော် ဘိုး တော် တို့ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် အာ မ ဇိ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible ထိုမင်း၏ကျွန် ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သားယဟောဇဗပ်တို့သည် ထ၍ သင်းဖွဲ့ပြီးလျှင်၊ သိလရွာသို့ သွားသောလမ်း၊ မိလ္လောစံနန်းတွင် ယောရှကို သေအောင်လုပ်ကြံ၍၊ |
ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
ရှင်ဘုရင်ကို သူပုန်ကန်ရခြင်းအကြောင်းမှာ ဤသို့ဖြစ်၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုတည်ဆောက်ပြီး ကျိုးပေါက်နေသောခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့ရိုးကိုလည်း ဖာထေးခဲ့၏။
ကျန်ရှိနေသော ရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှတို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သူသည် မိမိလက်ထက် နိုင်ငံတော်တည်မြဲလာသည့်အခါ ရှင်ဘုရင်ဖြစ်သောမိမိခမည်းတော်ကို လုပ်ကြံခဲ့သော မင်းမှုထမ်းတို့အား ကွပ်မျက်ပစ်လိုက်လေ၏။
အာမုန်မင်းကြီး၏အမှုထမ်းတို့သည်လည်း လျှို့ဝှက်ကြံစည်ကြပြီး ရှင်ဘုရင်ကို နန်းတွင်း၌ပင် ကွပ်မျက်ကြလေ၏။
ကျန်ရှိနေသော ယောရံမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အာမဇိမင်းကြီးသည် ထာဝရဘုရားကိုကျောခိုင်းသွားပြီးနောက် ဂျေရုဆလင်မြို့တွင် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိ လူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကို ကွပ်မျက်ကြ၏။
အာမုန်မင်းကြီး၏အမှုထမ်းတို့သည်လည်း လျှို့ဝှက်ကြံစည်ကြပြီး သူ့ကို နန်းတွင်း၌ပင် ကွပ်မျက်ကြလေ၏။
ထို့နောက် ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားအပေါင်းတို့သည် ရှေခင်မြို့ရှိ အထိမ်းအမှတ်ဝက်သစ်ချပင်ရှိရာသို့ စုရုံးသွားကြပြီး အဘိမလက်ကို မင်းမြှောက်ကြ၏။