သင်တို့သခင်၏သားများထဲမှ ကောင်းမွန်သင့်တော်သောသူကို ရွေးချယ်ပြီး ခမည်းတော်၏ရာဇပလ္လင်တွင် စံမြန်းစေလော့။ သင်တို့သခင်၏မင်းမျိုးမင်းနွယ်အဖို့ စစ်တိုက်ကြလော့”ဟု ရေးထား၏။
၄ ရာ 10:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့ကြလျက် “ရှင်ဘုရင်နှစ်ပါးပင်လျှင် သူ့ကို မခုခံနိုင်။ အကျွန်ုပ်တို့လည်း သူ့ကို မည်သို့ခုခံနိုင်မည်နည်း”ဟု ဆိုကြ၏။ Common Language Bible ရှမာရိမြို့ရှိအုပ်ချုပ်ရေးမှူးများသည် ထိတ် လန့်လျက်``ယေဟုအားယောရံမင်းနှင့်အာခဇိ မင်းတို့ပင်လျှင် မခံမရပ်နိုင်ကြပါလျှင် ငါ တို့အဘယ်သို့သူ့အားခံရပ်နိုင်ပါမည်နည်း'' ဟုဆိုကြ၏။- Garrad Bible ထို သူ တို့ က၊ ဘု ရင် မင်း နှစ် ပါး ပင်၊ သူ့ ရှေ့ တွင် မ ခံ မ ရပ် နိုင်။ ငါ တို့ ကား မည် သို့ ခံ ရပ် နိုင် အံ့ နည်း ဟု အ လွန် ကြောက် ရွံ့ လျက်၊ Judson Bible ထိုသူတို့က၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည်ဖြစ်၍၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင်မည်နည်းဟု အလွန်ကြောက်လျက် ဆိုကြ၏။ |
သင်တို့သခင်၏သားများထဲမှ ကောင်းမွန်သင့်တော်သောသူကို ရွေးချယ်ပြီး ခမည်းတော်၏ရာဇပလ္လင်တွင် စံမြန်းစေလော့။ သင်တို့သခင်၏မင်းမျိုးမင်းနွယ်အဖို့ စစ်တိုက်ကြလော့”ဟု ရေးထား၏။
ထိုအခါ ယေဟုက လေးကိုအားကုန်တင်ပြီး ယဟောရံမင်းကြီး၏လက်ပြင်ကြားကို ပစ်လိုက်ရာ မြားသည် သူ၏နှလုံးကိုထုတ်ချင်းဖောက်သွားသဖြင့် သူသည် ရထားပေါ်၌ပင် လဲကျသွားလေ၏။
ယုဒဘုရင်အာခဇိမင်းကြီးသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် ဗက်ဟဂ္ဂန်လမ်းအတိုင်း ထွက်ပြေး၏။ ယေဟုကလည်း သူ့နောက်သို့လိုက်ကာ “သူ့ကိုလည်း ရထားပေါ်မှာပဲ ပစ်သတ်ပါ”ဟု အော်ပြော၏။ အာခဇိမင်းကြီးအား ဣဗလံမြို့အနီး ဂုရတောင်ကုန်းပေါ်တွင် လုပ်ကြံသော်လည်း သူသည် ထွက်ပြေး၍ မေဂိဒ္ဒေါမြို့သို့ရောက်မှ သေဆုံးလေ၏။
သူ့ကို သင်လက်ရွယ်လိုက်သည်နှင့် တိုက်ခိုက်ခံရတတ်သည်ကို သတိရပါ။ ထို့ကြောင့် သင်လက်ရွယ်ရဲတော့မည်မဟုတ်။
ငါ အမျက်မထွက်ပါ။ မည်သူသည် ငါ့ကို ချုံပင်၊ ဆူးပင်များနှင့် တိုက်ပွဲဝင်စေမည်နည်း။ ချီတက်တိုက်ခိုက်ပြီး အားလုံးမီးရှို့ပစ်မည်။
ကြည့်ရှုလော့။ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့ ခြင်္သေ့တက်လာသောအခါ သားကောင်တို့ထွက်ပြေးရသကဲ့သို့ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏အမျက်တော်ရှေ့၌ မည်သူရပ်နိုင်မည်နည်း။ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်ကို မည်သူကြံ့ကြံ့ခံနိုင်မည်နည်း။ အမျက်တော်ကို မီးကဲ့သို့သွန်ချတော်မူလျှင် ရှေ့တော်၌ ကျောက်ဆောင်များ ပြိုကျကုန်ပါ၏။
ထိုမှတစ်ပါး မည်သည့်ဘုရင်သည် အခြားဘုရင်တစ်ပါးနှင့် စစ်တိုက်ရန်ချီတက်မည်ပြုစဉ် စစ်သည်နှစ်သောင်းနှင့်ချီတက်လာသော အခြားတစ်ဖက်ကို စစ်သည်တစ်သောင်းဖြင့် ရင်ဆိုင်၍ရ၊ မရ ဦးစွာထိုင်လျက် မသုံးသပ်ဘဲနေမည်နည်း။