ကျန်ရှိနေသော ယေဟုမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအမှုများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၄ ရာ 10:33 - မြန်မာ့စံမီသမ္မာကျမ်း ဂျော်ဒန်မြစ်အရှေ့ဘက် ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုးတို့ပိုင်သော ဂိလဒ်ပြည်တစ်လျှောက်လုံး၊ အာနုန်ချောင်းနားရှိ အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည်အထိ တိုက်ခိုက်သိမ်းပိုက်လိုက်လေ၏။ Common Language Bible ယော်ဒန်မြစ်အရှေ့ဘက်ရှိဣသရေလနယ် မြေအားလုံးကို တောင်ဘက်အာနုန်မြစ်ကမ်း ပေါ်ရှိအာရော်မြို့သို့တိုင်အောင်သိမ်းယူလေ သည်။ ထိုနယ်မြေတွင်ဂဒ်၊ ရုဗင်နှင့်အရှေ့မနာ ရှေမျိုးနွယ်စုတို့နေထိုင်ရာဂိလဒ်ပြည်နှင့် ဗာရှန်ပြည်တို့ပါဝင်၏။ Judson Bible ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက်၊ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး နေရာ၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည်တစ်လျှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ၏။ |
ကျန်ရှိနေသော ယေဟုမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအမှုများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။
ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် ခမည်းတော်ယောခတ်မင်းကြီးလက်ထက် တိုက်ပွဲဖြစ်စဉ် အသိမ်းခံလိုက်ရသောမြို့ရွာများကို ဟာဇေလမင်းကြီး၏သားတော်ဗင်္ဟာဒဒ်လက်မှ ပြန်လည်သိမ်းယူခဲ့၏။ ယောရှမင်းကြီးသည် ဗင်္ဟာဒဒ်မင်းကြီးကို သုံးကြိမ်အောင်နိုင်ခဲ့ပြီး အစ္စရေးမြို့ရွာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။
ထိုအခါ ဟာဇေလက “အကျွန်ုပ်သခင်၊ အဘယ်ကြောင့် မျက်ရည်ကျရပါသနည်း”ဟုမေးလျှင် ဧလိရှဲက “သင်သည် အစ္စရေးအမျိုးသားတို့အား ဘေးအန္တရာယ်ပြုမည်ကို ငါသိလေပြီ။ သင်သည် သူတို့၏ခံတပ်မြို့များကို မီးရှို့ပစ်လိမ့်မည်။ လူငယ်တို့ကို ဓားဖြင့် သတ်လိမ့်မည်။ ကလေးငယ်များကို ကိုင်ယူပေါက်သတ်လိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကိုလည်း ခွဲဖောက်လိမ့်မည်”ဟု ဆို၏။
အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။