ယေဟုသည် ယေဇရေလမြို့တွင် ကြွင်းကျန်သောအာဟပ်မင်းမျိုးမင်းနွယ်များ၊ အကြီးအကဲများ၊ အသိအကျွမ်းများမှစ၍ ယဇ်ပုရောဟိတ်များပါမကျန် အသက်ရှင်ခွင့်မပေးဘဲ အားလုံးကို ကွပ်မျက်ပစ်လိုက်လေ၏။
၄ ရာ 10:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေဟုသည် ရှမာရိမြို့သို့ ထ၍ထွက်သွားရာ လမ်းတွင် ဗက်အက်ကက်အရပ်သို့ ရောက်လျှင် Common Language Bible ယေဟုသည်ရှမာရိမြို့သို့သွားရန်ယေဇ ရေလမြို့မှထွက်ခွာသွား၏။ လမ်း၌သိုးထိန်း များစခန်းဟုအမည်တွင်သောအရပ်သို့ ရောက်သောအခါ၊- Garrad Bible ထို နောက် ရှ မာ ရိ မြို့ သို့ ထွက် သွား ရာ ခ ရီး အ ကြား၊ သိုး ထိန်း တို့ စု ဝေး လေ့ ရှိ သော စ ရပ် တွင် Judson Bible နောက်မှထ၍ ရှမာရိမြို့သို့သွား၏။ လမ်းနားမှာရှိသော သိုးမွေးညှပ်ရာဇရပ်သို့ ရောက်သောအခါ၊ |
ယေဟုသည် ယေဇရေလမြို့တွင် ကြွင်းကျန်သောအာဟပ်မင်းမျိုးမင်းနွယ်များ၊ အကြီးအကဲများ၊ အသိအကျွမ်းများမှစ၍ ယဇ်ပုရောဟိတ်များပါမကျန် အသက်ရှင်ခွင့်မပေးဘဲ အားလုံးကို ကွပ်မျက်ပစ်လိုက်လေ၏။
ယုဒဘုရင်အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများနှင့် ဆုံသဖြင့် ယေဟုက “သင်တို့သည် မည်သူများနည်း”ဟု မေးလျှင် သူတို့က “အကျွန်ုပ်တို့သည် အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများ ဖြစ်ပါ၏။ ရှင်ဘုရင်၏သားတော်များ၊ မယ်တော်မိဖုရား၏သားတော်များကို နှုတ်ဆက်ရန် လာကြပါသည်”ဟု ပြန်ဖြေ၏။
ထိုအခါ ယေဟုက “သူတို့ကို အရှင်ဖမ်းကြ”ဟု အမိန့်ပေး၍ သူတို့ကိုအရှင်ဖမ်းပြီး ဗက်အက်ကက်အရပ်ရှိရေတွင်းနားတွင် လူလေးဆယ့်နှစ်ယောက်ကို တစ်ယောက်မကျန် သတ်ပစ်လိုက်လေ၏။
ယေဟုသည် အာဟပ်မင်းမျိုးမင်းနွယ်ကို ကွပ်မျက်စီရင်သောအခါ ယုဒအကြီးအကဲများနှင့် အာခဇိမင်းကြီးကိုခစားသော အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းတို့ကို တွေ့သဖြင့် သူတို့ကိုပါ ကွပ်မျက်လေ၏။