အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 8:66 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရှစ်​ရက်​မြောက်​သော​နေ့​တွင် လူ​တို့​ကို ပြန်လွှတ်​လိုက်​ရာ သူ​တို့​သည်​လည်း ရှင်ဘုရင်​ကို​ကောင်းချီးပေး​ပြီး ထာဝရဘုရား​က မိမိ​အစေအပါး​ဒါဝိဒ်​နှင့် မိမိ​လူမျိုး​တော်​အစ္စရေး​တို့​အဖို့ ပြု​တော်မူ​သော​ကောင်းကျိုးချမ်းသာ​အလုံးစုံ​ကြောင့် ဝမ်းမြောက်​ပျော်ရွှင်​စွာ​ဖြင့် မိမိ​တို့​နေရပ်​သို့​ပြန်သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ရှစ်​ရက်​မြောက်​သော​နေ့​၌​မင်း​ကြီး​သည်​လူ​တို့ အား မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​စေ​တော်​မူ​၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​အား ထော​မ​နာ​ပြု​ကြ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ခံ​ယူ​ရ​ရှိ​သည့် ကျေး​ဇူး​တော်​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ရှစ် ရက် မြောက် သော နေ့ တွင် ပ ရိ သတ် ကို လွှတ် လိုက် ရာ သူ တို့ သည် ဘု ရင် မင်း ကို သြ ဘာ ဆက် လျက် ကျွန် တော် ရင်း ဒါ ဝိဒ် မင်း နှင့် ဣ သ ရေ လူ မျိုး တော် အား ထာ ဝ ရ ဘု ရား ပြု တော် မူ သ မျှ ကျေး ဇူး တော် ကြောင့် အား ရ ဝမ်း မြောက် စွာ နေ အိမ် များ သို့ ပြန် သွား ကြ ကုန် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ရှစ်​ရက်​မြောက်​သော​နေ့၌ လူ​များ​တို့​ကို လွှတ်​လိုက်​တော်​မူ၏။ သူ​တို့​သည် ရှင်​ဘု​ရင်​ကို ကောင်း​ချီး​ပေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ဒါ​ဝိဒ်​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သ​မျှ​သော ကျေး​ဇူး​တော်​ကြောင့်၊ ဝမ်း​မြောက်​ရွှင်​လန်း​လျက် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။



၃ ရာ 8:66
30 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယောသပ်​သည် မိမိ​ဖခင်​ယာကုပ်​ကို​ခေါ်ဆောင်​လာ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ရပ်​စေ​၏​။ ယာကုပ်​သည်​လည်း ဖာရော​မင်းကြီး​ကို​ကောင်းချီးပေး​လေ​၏​။


ထို့နောက်တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ဒါဝိဒ်​မြို့​ခေါ်​ဇိအုန်​မြို့​သို့ ယူဆောင်​လာ​ရန် ရှောလမုန်​မင်းကြီး​သည် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​များ​ဖြစ်​သော အမျိုးအနွယ်​တို့​၏​အကြီးအမှူး​အပေါင်း​တို့​အား ရှောလမုန်​မင်းကြီး​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့ လာရောက်​စုရုံး​စေ​၏​။


ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်​၌ သူ​တို့ စိတ်နှလုံး​ပြောင်းလဲ​၍ ‘​အကျွန်ုပ်​တို့ ပြစ်မှား​မိ​ပါ​ပြီ​။ ဒုစရိုက်​ကို ပြု​မိ​ပါ​ပြီ​။ မကောင်းမှု​များ​ကို ပြု​မိ​ပါ​ပြီ​’​ဟု ဆို​လျက် နောင်တရ​ကာ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အရပ်​၌​ပင် ကိုယ်တော့်​ထံ ဆုတောင်း​အသနားခံ​လျှင်​၊


ထို​အချိန်​တွင်ပင် ရှောလမုန်​မင်းကြီး​သည် လီဘိုဟာမတ်​အရပ်​မှ အီဂျစ်​မြစ်​တိုင်အောင် အရပ်ရပ်​မှ​ရောက်လာ​သော အစ္စရေး​လူအုပ်ကြီး​နှင့်အတူ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ခုနစ်​ရက်​ပြီး နောက်ထပ်​ခုနစ်​ရက် စုစုပေါင်း​တစ်ဆယ့်​လေး​ရက်​တိုင် ပွဲတော်​ကျင်းပ​လေ​၏​။


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ ရှင်ဘုရင်​နန်းတော်​နှင့် မိမိ​ဆန္ဒ​အတိုင်း​တည်ဆောက်​လို​သမျှ​ကို တည်ဆောက်​ပြီးစီး​သောအခါ


ဘုရားသခင်​သည် လူ​တို့​အဖို့ ပြု​ပေး​တော်မူ​သဖြင့် အချိန်​အနည်းငယ်​အတွင်း ထို​အမှု​များ​ဖြစ်မြောက်​လာ​သောကြောင့် ဟေဇကိ​မင်းကြီး​နှင့် ပြည်သူပြည်သား​တို့ အလွန်​ပျော်ရွှင်ဝမ်းမြောက်​ကြ​၏​။


ဒါဝိဒ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​လက်ထက်​ကတည်းက ဂျေရုဆလင်​မြို့​တွင် ဤကဲ့သို့ ပွဲ​မျိုး​မ​ရှိ​ခဲ့​သောကြောင့် ဂျေရုဆလင်​မြို့​တွင် အလွန်​ပျော်ရွှင်ဝမ်းမြောက်​ခြင်း ရှိ​လေ​၏​။


သတ္တမ​လ​၊ နှစ်ဆယ့်​သုံး​ရက်​နေ့​တွင် လူ​တို့​ကို မိမိ​တို့​အိမ်​သို့​ပြန်လွှတ်​လိုက်​၏​။ ဒါဝိဒ်​မင်းကြီး​၊ ရှောလမုန်​မင်းကြီး​မှစ၍ မိမိ​လူမျိုး​တော်​အစ္စရေး​အတွက် ထာဝရဘုရား​ပြု​ပေး​သော ကောင်းကျိုးချမ်းသာ​များ​ကြောင့် ဝမ်းမြောက်​ပျော်ရွှင်​စွာ​ဖြင့် ပြန်သွား​ကြ​၏​။


ထို့နောက် နေဟမိ​က လူ​တို့​အား “​ချိုမြိန်​သော​စားကောင်းသောက်ဖွယ်​တို့​ကို သွား​၍ စား​သောက်​ကြ​လော့​။ စားသောက်စရာ​မ​ရှိ​သူ​တို့​အား ဝေငှ​ပေး​လော့​။ ယနေ့​သည် ငါ​တို့​အရှင်သခင်​အဖို့ သန့်ရှင်း​သော​နေ့​ဖြစ်​၍ ဝမ်း​မ​နည်း​ကြ​နှင့်​။ ထာဝရဘုရား​ထံ​တော်​မှ ဝမ်းမြောက်​ခြင်း​သည် သင်​တို့​အဖို့ ခွန်အား​ဖြစ်​၏​”​ဟု ဆို​၏​။


သူ​တို့​သည် ခိုင်ခံ့​သော​မြို့​များ​နှင့် မြေဩဇာကောင်း​သော​ပြည်​ကို သိမ်းပိုက်​ကြ​၏​။ ဥစ္စာ​ရတနာ​နှင့်​ပြည့်​သော​အိမ်​များ​၊ တူး​ပြီး​သော​ရေတွင်း​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​၊ သီးစားပင်​များစွာ​ကို သိမ်းယူ​ကြ​၏​။ သူ​တို့​သည် ဝလင်​စွာ​စား​ကြ​ပြီး ဝဖြိုး​ကြ​၏​။ ကိုယ်တော်​၏​ကြီးမား​လှ​သော​ကောင်းမြတ်​ခြင်း​ကြောင့် သူ​တို့ ပျော်ရွှင်ကြည်နူး​ကြ​ရ​၏​။


“​သင့်​ကို​မြတ်နိုး​သော​သူ​တို့​သည် ကောင်းစား​ကြ​ပါစေသော​။ သင်​၏​တံတိုင်း​အတွင်း​၌ ငြိမ်းချမ်းသာယာ​ခြင်း​ရှိ​ပါစေသော​။ သင်​၏​ခံတပ်​များ​အတွင်း​၌ လုံခြုံစိတ်ချမှု​ရှိ​ပါစေသော​”​ဟု ဂျေရုဆလင်​မြို့​၏​ငြိမ်းချမ်းသာယာ​ခြင်း​အတွက် ဆုတောင်း​ကြ​လော့​။


ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​အိမ်​တော်​ကို​ထောက်ထား​၍ သင်​၏​ကောင်းကျိုးချမ်းသာ​ကို ငါ​ရှာ​မည်​။


ငါ​တို့​အတွက် ထာဝရဘုရား ပြု​တော်မူ​ခဲ့​သော​အရာ​အလုံးစုံ​နှင့်အညီ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​၊ ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​တို့​ကို ငါ​ဖော်ပြ​မည်​။ ကိုယ်တော်​၏​ကြွယ်ဝ​သော​မေတ္တာ​ကရုဏာ​တော်​နှင့်အညီ အစ္စရေး​အမျိုးသား​တို့​အတွက် ပြု​တော်မူ​ခဲ့​သည့် ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို ငါ​ဖော်ပြ​မည်​။


အို ဇိအုန်​သမီးပျို​၊ သီချင်းဆို​လော့​။ အို အစ္စရေး​လူမျိုး​၊ ကြွေးကြော်​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ စိတ်နှလုံး​အကြွင်းမဲ့​ဝမ်းမြောက်​ရွှင်လန်း​လော့​။


မည်မျှ​ကောင်းမြတ်​ပါ​သနည်း​။ မည်မျှ​တင့်တယ်​ပါ​သနည်း​။ လူပျို​အပျို​တို့​သည် ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ကြောင့် ကြီးပွားတိုးတက်​ကြ​လိမ့်မည်​။


အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


သူ​တို့​သည် နေ့တိုင်း တညီတညွတ်တည်း​ဖြင့် ဗိမာန်​တော်​၌ အစဉ်တစိုက်​စုဝေး​ကြ​၍ တစ်အိမ်​ပြီး​တစ်အိမ်​မုန့်​ဖဲ့​ခြင်း​အမှု​ကို​ပြု​လျက် စေတနာ​စိတ်​နှင့်​ရွှင်မြူး​သော​စိတ်​တို့​ဖြင့် အစားအစာ​ကို ဝေမျှ​စား​သောက်​ကြ​ကာ


ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊


သင်​တို့​မှစ၍ သင်​တို့​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​နှင့်အတူ သင်​တို့​၏​မြို့​တံခါး​အတွင်း​ရှိ အမွေ​ဝေစု​မ​ရ​သော​လေဝိ​အမျိုး​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။


သင်​မှစ၍ သင်​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင်​၏​မြို့​တံခါး​အတွင်း​ရှိ လေဝိ​အမျိုး​များ​သည် ထို​ပူဇော်သက္ကာ​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​သာ စား​ရ​မည်​။ သင်​လုပ်ဆောင်​လေရာရာ​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။


ထို​အရပ်​တွင် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ စား​ရ​မည်​။ သင်​တို့​လုပ်ဆောင်​လေရာရာ​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သောကြောင့် သင်​တို့​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​တို့​သည် ဝမ်းမြောက်​ကြ​ရ​မည်​။


သင်​မှစ၍ သင့်​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင့်​မြို့​အတွင်း​ရှိ လေဝိ​အမျိုး​နှင့် သင်​၌​ရှိ​သော တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​တွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​ရ​မည်​။


သခင်​ဘုရား​၌ အစဉ်အမြဲ​ဝမ်းမြောက်​ကြ​လော့။ တစ်ဖန် ငါ​ဆို​သည်​ကား ဝမ်းမြောက်​ကြ​လော့။


ထို့နောက် ယောရှု​သည် သူ​တို့​ကို​ကောင်းချီးပေး​ပြီး ပြန်​စေ​သဖြင့် သူ​တို့​လည်း မိမိ​တို့​အိမ်​သို့​ပြန်သွား​ကြ​လေ​၏​။