ထို့နောက် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့၊ အစ္စရေးလူထုအပေါင်းတို့ရှေ့တွင်ရပ်လျက် ကောင်းကင်သို့လက်ကိုဖြန့်ပြီးလျှင်
၃ ရာ 8:54 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ရှောလမုန်မင်းကြီးသည် ဤဆုတောင်းအသနားခံချက်အလုံးစုံတို့ကို ထာဝရဘုရားထံတောင်းလျှောက်ပြီးသောအခါ ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့တွင် ဒူးထောက်ပြီး ကောင်းကင်သို့ လက်ကိုဆန့်ရာမှ ထ၍ Common Language Bible ရှောလမုန်သည်ယဇ်ပလ္လင်တော်ရှေ့တွင် လက်ကို မြှောက်ချီကာဒူးထောက်လျက် ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုပြီးသောအခါ နေရာမှထ၍ရပ်တော်မူပြီးလျှင်၊- Garrad Bible ရှော လ မုန် မင်း သည် ထာ ဝ ရ ဘု ရား ထံ အ သ နား တော် ခံ တောင်း လျှောက် မှု ကို အ ဆုံး သတ်၍ ထာ ဝ ရ ဘုရား ၏ ပူ ဇော် ရာ ပလ္လင် တော် ရှေ့၊ ကောင်း ကင် ထက် သို့ လက် အုပ် ချီ လျက်၊ ဒူး ထောက် လျက် ပြု ရာ မှ ထ ပြီး လျှင် Judson Bible ထိုသို့ရှောလမုန်သည် ထာဝရဘုရားရှေ့တော်၌ ဆုတောင်းပတ္ထနာပြု၍ပြီးသောအခါ၊ ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက်၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက် နေရာမှထ၍၊ |
ထို့နောက် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့၊ အစ္စရေးလူထုအပေါင်းတို့ရှေ့တွင်ရပ်လျက် ကောင်းကင်သို့လက်ကိုဖြန့်ပြီးလျှင်
ထိုသို့ ရှောလမုန်မင်းကြီးဆုတောင်းပြီးသောအခါ ကောင်းကင်မှမီးကျလာ၍ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာတို့ကို လောင်ကျွမ်းလေ၏။ ထာဝရဘုရား၏ဘုန်းအသရေတော်သည်လည်း အိမ်တော်ကို ဖုံးလွှမ်းလေ၏။
လာကြ၊ ရှိခိုးကိုးကွယ်ကြစို့။ ညွတ်တွားကြကုန်စို့။ ငါတို့ကိုဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်စို့။
တစ်ခါက ကိုယ်တော်သည် တစ်နေရာ၌ ဆုတောင်းလျက်နေတော်မူ၏။ ဆုတောင်းပြီးသောအခါ တပည့်တော်တစ်ပါးက “သခင်ဘုရား၊ ယောဟန်သည် သူ၏တပည့်များကိုသင်ပေးသကဲ့သို့ အကျွန်ုပ်တို့ကိုလည်း ဆုတောင်းရန်သင်ပေးတော်မူပါ”ဟု လျှောက်လေ၏။
ကိုယ်တော်သည် ဆုတောင်းရာမှထ၍ တပည့်တော်တို့ထံသို့ ပြန်လာသောအခါ သူတို့သည် ဝမ်းနည်းနွမ်းလျသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင်
ပေါလုသည် ဤသို့ဆိုပြီးနောက် ဒူးထောက်လျက် ထိုသူအပေါင်းတို့နှင့်အတူ ဆုတောင်းလေ၏။
သို့သော် ထိုနေ့ရက်များစေ့သောအခါ ငါတို့သည် ခရီးဆက်ရန် ထွက်ခွာကြ၏။ သူတို့အားလုံးသည် ဇနီး၊ သားသမီးများနှင့်အတူ မြို့ပြင်အထိ ငါတို့ကိုလိုက်ပို့ကြ၏။ ငါတို့သည် ပင်လယ်ကမ်းခြေတွင် ဒူးထောက်လျက်ဆုတောင်းပြီးနောက်