၃ ရာ 8:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထို့နောက် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့၊ အစ္စရေးလူထုအပေါင်းတို့ရှေ့တွင်ရပ်လျက် ကောင်းကင်သို့လက်ကိုဖြန့်ပြီးလျှင် အခန်းကိုကြည့်ပါ။Common Language Bible22 ထို့နောက်လူတို့၏ရှေ့မှောက်တွင်ရှောလမုန်သည် ယဇ်ပလ္လင်ရှေ့သို့သွားရပ်တော်မူ၏။ မင်းကြီး သည်လက်များကိုမြှောက်ချီလျက်၊- အခန်းကိုကြည့်ပါ။Garrad Bible22 ရှော လ မုန် မင်း သည် ဣ သ ရေ လ လူ မျိုး ပ ရိ သတ် ဥဿုံ မျက် မှောက် တွင် ထာ ဝ ရ ဘု ရား၏ ပူ ဇော် ရာ ပ လ္လင် တော် ရှေ့၊ လက် အုပ် ချီ ၍ ပ ဌ နာ ပြု သည် မှာ အခန်းကိုကြည့်ပါ။Judson Bible22 တစ်ဖန် ရှောလမုန်သည် ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ အလယ်မှာနေ၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်၊ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် အစဉ်အလာအတိုင်း တိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများက ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာမှုတ်နေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။