သူတို့သည် သံမီးပြင်းဖိုအီဂျစ်ပြည်ထဲမှ ကိုယ်တော်ခေါ်ထုတ်တော်မူခဲ့သော ကိုယ်တော်၏အမွေခံလူမျိုးတော်ဖြစ်ပါသည်။
သူတို့သည်အလျှံတောက်လျက်နေသည့်မီးဖို နှင့်တူသော အီဂျစ်ပြည်မှကိုယ်တော်ထုတ်ဆောင် တော်မူခဲ့သောလူမျိုးတော် ကိုယ်တော်ရှင်ပိုင် တော်မူသောလူမျိုးတော်ဖြစ်ပါ၏။''
အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်၏ သံမီးဖိုထဲကနုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။
အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့စဉ်က ကိုယ်တော့်အစေအပါးမောရှေအား မိန့်မှာတော်မူခဲ့သည့်အတိုင်း သူတို့ကို ကိုယ်တော်၏အမွေခံလူမျိုးတော်အဖြစ် မြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့ထဲမှ ရွေးကောက်တော်မူခဲ့ပါပြီ”ဟု မြွက်ဆို၏။
ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှနေ၍ သူတို့ဆုတောင်းအသနားခံသံကို နားညောင်းတော်မူပြီး သူတို့၏အမှုကိုစီရင်ပေးတော်မူပါ။ ကိုယ်တော့်ကိုပြစ်မှားမိသော ကိုယ်တော့်လူမျိုးတော်တို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။
သူတို့သည် ကိုယ်တော်၏ကြီးမားသောတန်ခိုးတော်၊ အားကြီးသောလက်တော်ဖြင့် ရွေးနုတ်တော်မူသော ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏လူမျိုးတော် ဖြစ်ပါ၏။
ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်၍ ကိုယ်တော်၏အမွေတော်ကို ကောင်းချီးပေးတော်မူပါ။ သူတို့ကိုထိန်းကျောင်း၍ သူတို့ကိုအစဉ်အမြဲ ပွေ့ချီခေါ်ဆောင်တော်မူပါ။
ကြည့်ရှုလော့။ ငါသည် သင့်ကိုသန့်စင်စေခဲ့ပြီ။ သို့သော် ငွေကဲ့သို့မဟုတ်။ ဆင်းရဲဒုက္ခတည်းဟူသောမီးပြင်းဖိုထဲ၌ သင့်ကို ငါစမ်းသပ်၏။
အို ထာဝရဘုရား၊ ပြင်းစွာအမျက်ထွက်တော်မမူပါနှင့်။ အပြစ်များကို အစဉ်မှတ်တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏လူမျိုးတော်ဖြစ်ပါ၏။
သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်သံမီးပြင်းဖိုမှ ငါထုတ်ဆောင်လာခဲ့စဉ်က ငါ့စကားကိုနားထောင်၍ ငါဆင့်ဆိုသမျှတို့ကိုပြုကြလော့။ သို့ပြုလျှင် သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၍ ငါသည်လည်း သင်တို့၏ဘုရားဖြစ်မည်ဟု ငါပဋိညာဉ်ပြုထားခဲ့၏။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ ယာကုပ်အမျိုးအနွယ်သည် ကိုယ်တော်၏အမွေတော်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ထို့နောက် နေဗုခဒ်နေဇာမင်းကြီးသည် မီးတောက်နေသောမီးပြင်းဖိုအဝသို့ သွား၍ “အမြင့်ဆုံးသောဘုရားသခင်၏ကျွန် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ထွက်လာကြလော့။ မီးထဲမှ ထွက်လာကြလော့”ဟု မိန့်ဆို၏။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း မီးထဲမှ ထွက်လာကြ၏။
ထာဝရဘုရား၏ဝေစုကား မိမိလူမျိုးတော်ဖြစ်၏။ ကိုယ်တော်၏အမွေဝေစုကား ယာကုပ်ဖြစ်၏။
ယနေ့မြင်ရသည့်အတိုင်း ထာဝရဘုရားသည် သင်တို့ကို မိမိ၏အမွေခံလူမျိုးတော်အဖြစ် ခေါ်ယူ၍ အီဂျစ်ပြည် သံမီးပြင်းဖိုထဲမှ ထုတ်ဆောင်တော်မူခဲ့၏။