ထို့ကြောင့် ဧသနိမ်လ ဟုခေါ်သော သတ္တမလပွဲတော်ကျင်းပချိန်တွင် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ စုရုံးရောက်ရှိလာကြ၏။
ထိုသူအပေါင်းတို့သည်ဧသနိမ်အမည်တွင် သောသတ္တမလ၌ ကျင်းပသည့်သစ်ခက်တဲနေ ပွဲတော်သို့လာရောက်စုဝေးကြ၏။-
ဣ သ ရေ လ လူ အ ပေါင်း တို့ သည် ဧ သ နိမ် ခေါ် သ တ္တ မ လ တွင် ကျင်း ပ မြဲ ပူ ဇော် ပွဲ အ တွင်း
ဣသရေလလူအပေါင်းတို့သည် ဧသနိမ်အမည်ရှိသော သတ္တမလ၌ လုပ်သောပွဲအတွင်းတွင် ရှောလမုန်မင်းကြီးထံသို့ စုဝေးရောက်လာကြ၏။
ထို့ပြင် ယေရောဗောင်မင်းကြီးသည် ယုဒပြည်တွင်ကျင်းပသောပွဲကဲ့သို့ အဋ္ဌမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ပွဲကျင်းပပြီး ယဇ်ပလ္လင်တွင် ယဇ်ပူဇော်၏။ ဗေသလမြို့တွင်တည်ထားသောနွားသငယ်ရုပ်တုကိုလည်း ယဇ်ပူဇော်၏။ ဗေသလမြို့ရှိ သူတည်ထားသောအထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များကို ခန့်ထား၏။
ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးနှင့်အတူ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပြီး နောက်ထပ်ခုနစ်ရက် စုစုပေါင်းတစ်ဆယ့်လေးရက်တိုင် ပွဲတော်ကျင်းပလေ၏။
ထို့ကြောင့် သတ္တမလ ပွဲတော်ကျင်းပချိန်တွင် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံ စုရုံးရောက်ရှိလာကြ၏။
ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း ယာယီတဲစုပွဲတော်ကိုလည်း ကျင်းပကြ၏။ စီရင်ထုံးဖွဲ့ချက်အရ တစ်ရက်စီအတွက်ပူဇော်ရမည့် ယဇ်ကောင်အရေအတွက်နှင့်အညီ မီးရှို့ရာယဇ်များကိုလည်း နေ့စဉ်ပူဇော်ကြ၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ယာယီတဲစုပွဲ ကျင်းပရမည်။
သို့ရာတွင် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ယာယီတဲစုပွဲတော်နီးကပ်လာသောအခါ
ထိုပွဲတော်၏ကြီးမြတ်သောနေ့ဖြစ်သည့် နောက်ဆုံးနေ့၌ ယေရှုသည်ရပ်လျက်“မည်သူမဆို ရေငတ်လျှင် ငါ့ထံသို့လာ၍ သောက်လော့။
သင်သည် သင်၏ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံ၊ စပျစ်သီးနယ်ရာကျင်းမှစပျစ်ဝိုင်တို့ကိုသိမ်းပြီးသောအခါ ခုနစ်ရက်ပတ်လုံး ယာယီတဲစုပွဲတော်ကို ကျင်းပရမည်။