ယာကုပ်မူကား သုကုတ်အရပ်သို့ခရီးပြု၍ ထိုအရပ်၌ အိမ်ကိုဆောက်လေ၏။ မိမိတိရစ္ဆာန်များအတွက်လည်း ယာယီတဲများကိုဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို သုကုတ် ဟုခေါ်၏။
၃ ရာ 7:46 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် ထိုပစ္စည်းအားလုံးကို သုကုတ်မြို့နှင့် ဇာရတန်မြို့ကြား ဂျော်ဒန်မြစ်ဝှမ်းရှိ ရွှံ့စေးမြေအရပ်၌ သွန်းလုပ်၏။ Common Language Bible မင်းကြီးသည်ယော်ဒန်မြစ်ဝှမ်းရှိသုကုတ်မြို့နှင့် ဇာရတန်မြို့စပ်ကြားတွင်ရှိသောကြေးအရည် ကြိုစက်၌ ထိုတန်ဆာများကိုသွန်းလုပ်စေတော် မူ၏။- Garrad Bible မြေ စေး ရှိ ရာ ယော် ဒန် မြစ် ကမ်း ပြင်၊ သု ကုတ် မြို့ နှင့် ဇာ ရ တန် မြို့ များ ကြား တွင်၊ ဘု ရင် မင်း သွန်း လုပ် စေ ရာ Judson Bible ယော်ဒန်ချိုင့်၊ သကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြားတွင် သရွတ်လုပ်စရာကောင်းသောမြေ၌ ရှင်ဘုရင်သွန်းလေ၏။ |
ယာကုပ်မူကား သုကုတ်အရပ်သို့ခရီးပြု၍ ထိုအရပ်၌ အိမ်ကိုဆောက်လေ၏။ မိမိတိရစ္ဆာန်များအတွက်လည်း ယာယီတဲများကိုဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို သုကုတ် ဟုခေါ်၏။
တာနက်မြို့၊ မေဂိဒ္ဒေါမြို့အပါအဝင် ဇာရတန်မြို့အနီးယေဇရေလမြို့အောက်ဘက်ရှိ ဗက်ရှန်မြို့တစ်လျှောက်လုံးနှင့် ဗက်ရှန်မြို့မှ ယောကမံမြို့တစ်ဖက်ကမ်း အာဗေလမဟောလမြို့၏နယ်စား အဟိလုဒ်၏သားဗာနာ၊
ရှင်ဘုရင်သည် ထိုပစ္စည်းအားလုံးကို သုကုတ်မြို့နှင့်ဇေရဒမြို့ကြား ဂျော်ဒန်မြစ်ဝှမ်းရှိ ရွှံ့မြေထူထပ်ရာအရပ်၌ သွန်းလုပ်၏။
ချိုင့်ဝှမ်းလွင်ပြင်ရှိ ဗက်ဟာရန်မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့၊ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ကျန်သောနယ်မြေ၊ ဂျော်ဒန်မြစ်နယ်နိမိတ်တစ်လျှောက်၊ ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်း ဂင်နေသရက်အိုင်အထိဖြစ်၏။
အထက်မှစီးဆင်းလာသောရေသည် ရပ်၍ အလှမ်းဝေးသောဇာရတန်မြို့အနီးရှိအာဒံမြို့အထိ တစ်ဖက်တည်း၌စုပုံလျက် တန့်နေ၏။ အရာဗပင်လယ်ဟုခေါ်သော ဆားပင်လယ်တိုင်အောင် စီးဆင်းသောရေသည် လုံးလုံးပြတ်သွား၏။ လူတို့သည်လည်း တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့သို့ ကူးသွားကြ၏။